DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၁ ရက်တည်း ပိုင်ရှင်မဲ့သစ် ၂၄ တန်ကျော် ဖမ်းမိ
DVB
·
March 7, 2020
ဧရာဝတီတိုင်းတွင် ၁ ရက်တည်း ပိုင်ရှင်မဲ့သစ် ၂၄ တန်ကျော် ဖမ်းမိ
1 / 3
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်၊ ဘိုကလေးနဲ့ မြန်အောင်မြို့နယ်တွေမှာ မတ်လ ၅ ရက်နေ့ ၁ ရက်တည်း တရားမဝင် သစ်တန်ချိန် ၂၄ ကျော်ကို သစ်တောဦးစီးဌာနတာဝန်ရှိသူတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သတင်းအရ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဘိုကလေးမြို့နယ်၊ ရွာသစ်ကျေးရွာမှာ တရားမဝင် အခြားသား ခွဲသား ၆၃ ချောင်း၊ သစ်တန်ချိန် ၁၄ တန်ကျော်ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တယ်လို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။



ပုသိမ်မြို့နယ် သဘော့ကန်ကျေးရွာအုပ်စု မာသား ချောင်းအတွင်းမှာ တရားမဝင် သစ်ခွဲသား ၁၇ ချောင်း၊ သစ်တန်ချိန် ၃ တန်ကျော်နဲ့ မြန်အောင်မြို့နယ် တောင်မြန်အောင်ကြိုးဝိုင်း အကွက်အမှတ် ၂၀၂၊ ၂၀၃၊ ၂၀၄ ထဲမှာ တရားမဝင်သစ်ခွဲသား ၃၉ ချောင်း၊ သစ်တန်ချိန် ၇ တန်ကျော်ကို သစ်တောဦးစီးဌာနကတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာတာဝန်ရှိသူတွေက ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးခဲ့တဲ့ တရားမဝင်သစ်တွေနဲ့ပတ်သက်ပြီး တရားခံတွေကို စုံစမ်းဖော်ထုတ်နေပြီး တရားဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ တောင်ကြီးရွာအနီးမှာ မတ်လ ၃ ရက်နေ့က တရားမဝင်သစ်ခွဲသား ၁၁၄ ချောင်း သစ်တန်ချိန် ၆ တန်ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။



မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013