DVB Logo
Home
မြန်မာသတင်း
ERF ကုမ္ပဏီ၏ အစုရှယ်ယာများ စတင်ရောင်းဝယ်နိုင်ပြီ 
DVB
·
March 6, 2020
ERF ကုမ္ပဏီ၏ အစုရှယ်ယာများ စတင်ရောင်းဝယ်နိုင်ပြီ 
Donate to DVB

ERF ကုမ္ပဏီကို ရန်ကုန် စတော့အိတ်ချိန်းကနေ ဖေဖော်ဝါရီ ၂၈ရက်နေ့က စာရင်းဝင်ခွင့်ပြုခဲ့ပြီးနောက် အစုရှယ်ယာတွေကို မတ်လ ၂၀ရက်နေ့မှာ စျေးကွက်စတင် အရောင်းအဝယ်ပြုလုပ်နိုင်တော့မယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဘက်စုံထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းနယ်ပယ် (Logistic Industry) မှာ Ever Flow River Group Public Co., ltd. (EFR) ဟာ ပထမဆုံးစာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ 

Ever Flow River Group Public Co., ltd. (EFR) ကို ရန်ကုန်စတော့အိတ်ချိန်းရဲ့ ၆ ခုမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် မတ်လ ၆ ရက်နေ့က သတင်းမီဒီယာတွေထံ မိတ်ဆက်ပေးခဲ့ ပါတယ်။ 

ERF ကုမ္ပဏီဟာ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ရထားပို့ဆောင်ရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လုပ်ဆောင်ဖို့ ပရောဂျက်ရေးဆွဲထားတယ်လို့ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဟန်က ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ ပရောဂျက်လုပ်ငန်းကိုတော့ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီ ၆ ခုအထိ ရှိပြီဖြစ်ပါတယ်။ 

အခုနှစ် ၂၀၂၀ ပြည့်နှစ်အတွင်းမှာလည်း ကုမ္ပဏီနှစ်ခုဟာ စာရင်းဝင်လာဖို့ရှိတယ်လို့ ရန်ကုန်စတော့အိတ်ချိန်း ရဲ့ အမှုဆောင်အကြီးတန်းအရာရှိ ဦးသက်ထွန်းဦးက ပြောပါတယ်။ 

မတ်လ ၂၆ ရက်နေ့ကစပြီး တနေ့ကို စတော့အရောင်းအဝယ် ၇ ကြိမ်အဖြစ် စတင်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

သတင်း - နူးရာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013