
ချဲလ်ဆီးအသင်းဥက္ကဋ္ဌ တော့ဒ်ဘိုလီနဲ့ ဒါရိုက်တာ မာ့ခ်ဝေါ်လ်တာတို့ဟာ သူတို့ပိုင်ဆိုင်တဲ့ အသင်းအစုရှယ်ယာတွေကို အများစုပိုင်ရှင် Clearlake Capital ကို ရောင်းချဖို့ ဆွေးနွေးနေပါတယ်။
၂၀၂၄ ခုနှစ်ကတည်းက ပိုင်ရှင်အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ရှိလာတာကြောင့် ဒီလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။
ဘိုလီနဲ့ ဝေါ်လ်တာတို့က အသင်းရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားပြီး ကလပ်ကို ပေါင် ၅ ဘီလီယံ တန်ဖိုးရှိတယ်လို သတ်မှတ်ထားပါတယ်။ Clearlake Capital ကတော့ ၆၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အများစုပိုင်ရှင် ဖြစ်ပါတယ်။
ဒီလို အစုရှယ်ယာရောင်းချမှုက ဘိုလီရဲ့ သြဇာအာဏာကို ပိုပြီး လျော့ကျစေမှာပါ။
သူဟာ အစပိုင်းမှာ အသင်းကို ဝယ်ယူရာမှာ အဓိက ဦးဆောင်ခဲ့သူပါ။ ဒါပေမဲ့ ရာသီကုန်မှာ Clearlake Capital က ခန့်အပ်မဲ့ ကိုယ်စားလှယ်တယောက်နဲ့ ချဲလ်ဆီးဥက္ကဋ္ဌနေရာ အစားထိုးခံရဖို့ ရှိပါတယ်။
ပိုင်ရှင်တွေကြား အဓိက သဘောထားကွဲလွဲမှုကတော့ စတန်းဖိုဒ်ဘရစ်ချ်ကွင်း ပြန်လည်တည်ဆောက်ရေး ဒါမှမဟုတ် ကွင်းအသစ်ဆောက်ဖို့ အစီအစဉ်တွေဖြစ်ပါတယ်။
ဘိုလီကတော့ Bloomberg နဲ့ အင်တာဗျူးမှာ “ကျနော်တို့ ရေရှည်အတွက် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားရပါမယ်” လို့ ပြောပါတယ်။
Photo: Reuters











