DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှု
DVB
·
March 6, 2020
ရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှု
1 / 2
Donate to DVB

၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်အရ မြန်မာနိုင်ငံမှာ အမျိုးသမီး ဦးရေဟာ အမျိုးသား ဦးရေထက် ၂ သန်း ကျော်ပိုများပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ အမျိုးသမီး ပါဝင်မှုက နည်းပါးနေပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှစ်ခုကို ပြန်ကြည့်မယ်ဆိုရင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဦးရေဟာ ၂ ဆ မြင့်တတ်ခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် တိုးလာသလို အမျိုးသမီး ကိုယ်စားလှယ်လောင်း ဦးရေဟာလည်း ၆ ဆကျော် တိုးလာခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ဦးရေဟာ ၁၂၇ ဦး (၄ ရာခိုင် နှုန်း)သာ ရှိခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်သူသူဦးရေ ၈၀၀ ထိရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၃ ရာခိုင်နှုန်း)ထိ မြင့်တက်ခဲ့ပါတယ်။


အမျိုးသမီးတွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ များလာပေမယ့်လည်း ရွေးကောက်ခံရမှုက နည်းနေပါသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းဦးရေရဲ့ ၃၅ ရာခိုင်နှုန်း (၄၅ ဦး) ရွေးကောက်ခံရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ယှဉ်ပြိုင်မှုက ပိုများလာသလို ရွေးကောက်ခံရမှုကလည်း (၁၅၁ ဦး) ရှိလာပေမယ့် ရာခိုင်နှုန်းအားဖြင့် ၁၉ ရာခိုင်နှုန်းသာရှိပါတယ်။



တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လွှတ်တော်တွေမှာလည်း အမျိုးသမီး ရွေးကောက်ခံ ကိုယ်စားလှယ်ဦး ရေဟာ အတော်လေးကို နည်းနေပါသေးတယ်။ ရန်ကုန်၊ စစ်ကိုင်းနဲ့ ဧရာဝတီစတဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာတော့ အမျိုးသမီး ရွေးကောက်ခံရမှု အားကောင်းပေမယ့် ရခိုင်၊ ကချင်နဲ့ ကယားစတဲ့ ပြည်နယ်လွှတ်တော်မှာတော့ အမျိုးသမီး ရွေးကောက်ခံ ကိုယ်စားလှယ် မရှိခဲ့ပါဘူး။


ပြည်ထောင်စုအဆင့် လွှတ်တော်ကို ကြည့်မယ်ဆိုရင် ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ အမျိုးသမီး အမတ်ပါဝင်မှုဟာ ၅ ရာခိုင်နှုန်းနီးပါးသာရှိပြီး လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတော့ ၂ ဆ ၁၀ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။


ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုရဲ့ စာရင်းအချက်အလက်များအရ ရွေးကောက်ပွဲမှာ အမျိုးသမီးများရဲ့ စိတ်ဝင်စားမှု မြင့်မားလာသလို လွှတ်တော်အတွင်းမှာ အမျိုးအမီးအမတ် ပါဝင်မှုလည်း မြင့်လာခဲ့ပါတယ်။ လာမယ့်၂၀၂၀ ရွေး ကောက်ပွဲမှာ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်မှုနဲ့ ရွေးကောက်ခံရမှု အခြေအနေကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013