DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ၂ ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်း
DVB
·
March 5, 2020
သတင်းထောက် ၂ ဦးကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်း
Donate to DVB

ရန်ကုန်အခြေစိုက် Frontier Myanmar  သတင်းဌာနရဲ့ သတင်းထောက် နော်ဘက်တီဟန်နဲ့ မြန်မာတိုင်းမ် ဓါတ်ပုံသတင်းထောက်မားနော်တို့ကို  မတ်လ ၄ ရက် ညနေ ၄နာရီလောက်က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Myanmar Free Press အဖွဲ့က ထုတ်ပြန်ပါတယ်။ 

သတင်းထောက် မနော်ဘတ်တီဟန်ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သတင်းရယူဖို့ ရောက်ရှိနေစဉ် မနေ့မွန်းလွဲပိုင်းက စတင်ပြီး သတင်းဌာနနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဖုန်းမက်ဆေ့ချ်ပေးပို့ချက်အရ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က သူ့ကို မြဝတီမြို့၊ အမှတ်(၁) နယ်စပ်ဂိတ်အနီးမှာ ထိန်းသိမ်းခဲ့တာလို့ Frontier Myanmar သတင်းဌာနက လည်း အတည်ပြုထုတ်ပြန်ထားပါတယ်။

သတင်းသမားနှစ်ဦး လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်နေပြီး လက်ရှိအချိန် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို သိရှိရဖို့ ကြိုးပမ်းနေပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သတင်းမီဒီယာကောင်စီနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတို့ကူညီပေးဖို့လည်း Myanmar Free Press အဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013