DVB Logo
Home
ကျန်းမာရေး
အရက်ဖြတ်ကြတော့မယ်ဆိုရင်
DVB
·
March 5, 2020
အရက်ဖြတ်ကြတော့မယ်ဆိုရင်
Donate to DVB

နှစ်ကာလရှည်ကြာ အရက်ကို စွဲမြဲသောက်သုံးခဲ့ပြီးလို့ အရက်ဖြတ်တော့မယ်လို့ စဉ်းစားနေပြီလား။ အရက်ကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်လာပြီလို့ တွေးတော့နေမိပြီလား။

တကယ် အရက်ဖြတ်ကြတော့မယ်ဆိုပါစို့။ အရင်ဆုံးဖြတ်ကျော်ရမယ့် အဆင့်တွေ ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။ အရက်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ရှည်ဖို့နဲ့ ကြံ့ကြံ့ခံနိုင်ဖို့ အထူးလိုအပ်ပါတယ်။

အရက်ဖြတ်ကြတဲ့ လူတိုင်း အရက်ပြတ်သွားကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့က နောက်တစ်ကြိမ် ပြန်သောက်ဖြစ်ကြတယ်။ ဖြတ်ရပိုခက်ခဲသွားကြတယ်။ အခြေအနေတွေ ပိုဆိုးသွားကြတယ်။

ဒီလိုမဖြစ်ဖို့ဆိုရင် လိုက်နာရမယ့်၊ သိထားသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။ အချက် ၅ ချက် ရှိပါတယ်။ ဒါတွေကို လိုက်နာနိုင်မယ်ဆိုရင်တော့ အရက်ဖြတ်ရာမှာ ပိုမိုထိရောက်ပြီး အဆင်ပြေအောင် ဖြတ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။

၁။ ပြတ်ပြတ်သားသား တိတိကျကျ အစီအစဉ် သေချာချမှတ်ပါ


အရက်ဖြတ်ရာမှာ အဓိက အကျဆုံးအချက်က သေချာ အစီအစဉ်ချထားပြီး ပြတ်ပြတ်သားသားလုပ်ဖို့ပါပဲ။ များသောအားဖြင့် အရက်ဖြတ်ကြပြီးနောက်ပိုင်း ဒါမှမဟုတ် ဖြတ်မယ်လို့ စိတ်ကူးပြီးတော့မှ ပြန်သောက်တာမျိုးက ဖြစ်နိုင်ချေများလွန်းတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် အရက်ဖြတ်တော့မယ်လို့ စိတ်ကူးမိတာနဲ့ သေချာ ပြတ်သားခိုင်မာတဲ့ အစီအစဉ်မျိုး ချမှတ်ပြီး တိတိကျကျလိုက်နာဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချမှတ်ပြီး တကယ်ပြတ်အောင် ကိုယ့်ကိုယ်ကို ထိမ်းသိမ်းဖို့က အရေးအကြီးဆုံးပါပဲ။

၂။ အရက်ဖြတ်ချိန်မှာ ကြုံဆုံရနိုင်တဲ့ လက္ခဏာတွေကို ကြိုတင်သိထားပါ


အရက်ကို နှစ်ရှည်လများ စွဲသောက်လာပြီးတော့မှ ဖြတ်တဲ့အခါ အရာရာခက်ခဲနိုင်တာကို နားလည်ထားဖို့ လိုပါတယ်။ ဖြတ်ပြီဆိုတာနဲ့ ဝေဒနာတစ်ချို့ ခံစားရမှာဖြစ်ပြီးတော့ ဒါဟာ သဘာဝဆိုတာကို ကြိုတင်သိရှိထားဖို့ လိုအပ်ပါတယ်။

အရက်ကို ရုတ်တရက် စဖြတ်ပြီဆိုတာနဲ့

၃။ Detox လုပ်တာဟာ ပထမအဆင့်ဆိုတာကို သိထားပါ


အရက်ဖြတ်ရာမှာ Detox လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Detox လုပ်တာဟာ ကနဦးအဆင့်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်အောင် ပြန်လည် ပူးပေါင်းနိုင်တဲ့အဆင့်အထိ ရောက်အောင် ကြိုးပမ်းရမှာပါ။ နောက်ပြီး အရက်မသောက်ပဲ ကျန်းကျန်းမာမာနေနိုင်တဲ့အထိပေါ့။ ကုထုံးတွေထက် စိတ်က ပိုပြီး အရေးပါတယ်ဆိုတာကို နားလည်ထားရမှာပါ။

၄။ ဘဝရဲ့ အဓိပ္ပါယ်သစ်ကို ရှာဖွေပါ


အချိန်အတော်ကြာ ဘဝကို အရက်နဲ့ မျှောချနေခဲ့ပြီးပြီ မဟုတ်လား။ ဖြတ်တော့မယ်လို့ စိတ်ထဲမှာ ဆုံးဖြတ်ပြီးတာနဲ့ အရက်မဟုတ်တဲ့ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်သစ်တွေ မျှော်လင့်ချက်သစ်တွေကို ရှာဖွေဖို့ လိုလာပါပြီ။ ဒီလိုမှ မဟုတ်ရင် လမ်းတွေထပ်ပျောက်ပြီး အရက်ဆီ ပြန်ရောက်သွားနိုင်ပါတယ်။ အရက်ကို ပျော်ရွှင်မှုလို့ သတ်မှတ်ထားခဲ့ဖူးတာမို့ တခြားပျော်ရွှင်မှုအသစ်ကို မရှာဖွေနိုင်ရင် အရက်ဆီပဲ ပြန်ရောက်သွားနိုင်ပါတယ်။ ဘဝမှာ ကိုယ့်ကို အေးချမ်းပျော်ရွှင်မှုတွေ ပေးနိုင်မယ့် တစ်စုံတစ်ရာကို ရှာဖွေပါ။ ဂီတ၊ စာအုပ်၊ ရုပ်ရှင်၊ အနုပညာ၊ ခရီးထွက်တာ၊ မိသားစုကို အချိန်ပေးတာ၊ ချစ်ရသူကို ဂရုစိုက်တာ ဘာပဲဖြစ်ဖြစ်ပေါ့။

၅။ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် လျှော့ချမှုပုံစံကို ပြောင်းလဲပါ


အရက်ဖြတ်နေပြီဆိုရင် ရေဓာတ်ဆုံးရှုံးမှု များပြားနိုင်ပါတယ်။ ဒီလိုကာလမျိုးမှာ ကိုယ်က လေ့ကျင့်ခန်းတွေလုပ်နေတယ်၊ ကိုယ်အလေးချိန် လျှော့ချနေတယ်ဆိုရင် အသုံးပြုနေတဲ့ နည်းလမ်းတွေကိုလဲ ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ နောက်ပြီး ရေများများသောက်တာမျိုး၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့အစားအစာတွေ စားတာမျိုးတွေ စားပေးရပါမယ်။ စိတ်ရောကိုယ်ပါ လတ်ဆတ်ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာနေရင် အရက်ဖြတ်လို့ဖြစ်လာတဲ့ ဝေဒနာတွေကို ကောင်းကောင်းတွန်းလှန်နိုင်စေမှာဖြစ်ပါတယ်။

ဒါ့အပြင် တိတ်ဆိတ်ပြီး အလင်းရောင် မစူးတဲ့ နေရာမျိုးတွေမှာနေတာ၊ အရမ်းရင်းနှီးတဲ့ လူအနည်းငယ်နဲ့သာ ထိတွေ့ ဆက်ဆံတာ၊ ကိုယ့်ကိုယ် ပံ့ပိုးမှုပေးနိုင်တဲ့ အသိုင်းအဝန်းမှာသာနေထိုင်တာနဲ့ အာဟာရပြည့်ဝပြီး ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးတာတွေကလည်း အရက်ဖြတ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Hellosayarwon မှ ပြန်လည်ကူးယူဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013