DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ၄ မြို့နယ်၌ ကလေးပြုစုပျိုးထောင်ရေးဌာန ၁၀၀ ကျော် ဖွင့်လှစ်ထား
DVB
·
March 4, 2020
မကွေးတိုင်း ၄ မြို့နယ်၌ ကလေးပြုစုပျိုးထောင်ရေးဌာန ၁၀၀ ကျော် ဖွင့်လှစ်ထား
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းက  မြို့နယ် ၄ မြို့နယ်မှာ ကလေးပြုစုပျိုးထောင်ရေးဌာန  ၁၀၀ ကျော် Save the Children အဖွဲ့က ဖွင့်လှစ်ထားပါတယ်။

မကွေးတိုင်းအတွင်းမြို့နယ် ၇ ခုမှာ စီမံချက် ၅ ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ Save the Children အဖွဲ့က ၂၀၁၈ ခုနှစ်စီမံချက်အရ ပွင့်ဖြူ၊ မင်းဘူး၊ ပခုက္ကူ၊ ဆောမြို့နယ်တို့မှာ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာနအခု ၁၀၀ ကျော် ဖွင့်လှစ်ထားနိုင်ခဲ့တာလို့ မကွေးတိုင်း Save the Children အဖွဲ့ရဲ့ ဒေသဆိုင်ရာဌာနမှူးဦးနေမျိုးထွန်းက ပြောပါတယ်။

မတ်လ ၃ ရက် မနက်ပိုင်းက မကွေးမြို့နန်းထိုက်သူဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ မကွေးတိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိတဲ့ စီမံချက်များညှိနှိုင်းဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။ 

မကွေးတိုင်းအတွင်း Save the Children အဖွဲ့ရဲ့ စီမံချက်တွေမှာ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံကိန်းဟာလည်း တိုးတက်မှုရှိတဲ့အကြောင်းနဲ့ စေတုတ္တရာနဲ့ ငဖဲမြို့နယ်တွေမှာ ၂၀၁၄ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာဖြစ်ပွားသူ ၁၆ ဦးသာရှိတော့ကြောင်း ဦးနေမျိုးထွန်းက ပြောပါတယ်။

ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်လို့ ကိုယ့်အိမ်ဘေးက ကလေးတွေတောင် ကလေး သူငယ်အခွင့်အရေး အပြည့်အ၀မရရှိသေးတာတွေ့နေရတဲ့အတွက် Save the Children အဖွဲ့နဲ့ လက်တွဲပြီး ကလေးသူငယ်အခွင့်အရေးကာကွယ်မှုတွေကို လုပ်ဆောင်နေတယ်လို့ မကွေးတိုင်းက ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Guardian Network အဖွဲ့မှ ကိုလင်းသူအောင်ကပြောပါတယ်။

Save the Children အဖွဲ့အနေနဲ့ ၁၉၉၅ ခုနှစ်က မြန်မာနိုင်ငံကိုစတင်ရောက်ရှိခဲ့ပြီး မကွေးတိုင်းကို ၂၀၀၀ ပြည့်နှစ်က ပခုက္ကူမြို့နယ်မှာ ကျန်းမာရေးစီမံချက်နဲ့ စတင်ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

သတင်း- တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013