DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သား ၁ ဦး ထိုင်းရဲဖမ်းမည်ကို ကြောက်ပြီး ထွက်ပြေးစဉ် တိုက်ပေါ်က ပြုတ်ကျသေဆုံး 
DVB
·
September 18, 2026
Photo: WAG အလုပ်သားမဟာမိတ်အဖွဲ့
Photo: WAG အလုပ်သားမဟာမိတ်အဖွဲ့
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ရန်းဆစ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းရဲဖမ်းမှာ ကြောက်တဲ့ မြန်မာလုပ်သားတယောက် ထွက်ပြေးပုန်းရှောင်ရင်း တိုက်ရဲ့ ၈ လွှာပေါ် က ပြုတ်ကျကာ သေဆုံးသွားခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် ည ၉ နာရီခွဲလောက်က ယူနီဖောင်းဝတ် ထိုင်းရဲ ၂ ယောက်ဟာ ရန်းဆစ်နယ်မြေ လမ်းသွယ် ၈ ထဲရှိ အလုပ်သမားတွေ ငှားရမ်းနေထိုင်တဲ့ တိုက်ခန်းတွေကို လာ ရောက်စစ်ဆေးခဲ့တယ်။ အထောက်အထားမပြည့်စုံတဲ့ အလုပ်သမားအချို့ ထွက်ပြေးပုန်းရှောင်ကြ တာမှာ အသက် ၂၉ နှစ်ရွယ် ကိုဇင်ကိုထက် ဆိုသူမှာလည်း ၈ လွှာရှိ အိမ်သာလို့ထင်ရတဲ့ အခန်းထဲ ဝင်ပုန်းတယ်။ ဒါပေမဲ့ အဆိုပါအခန်းမှာ အိမ်သာမဟုတ်ဘဲ ဓာတ်လှေခါးတပ်ဖို့ ပြင်ဆင်ထားတဲ့ အခန်းသာဖြစ်တာကြောင့် ဟောင်းလောင်းပေါက်ကနေ ပြုတ်ကျပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့  WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူ ကိုမုန်တိုင်းက DVB ကို ပြောပါတယ်။ 

“အလုပ်သမားတယောက် ရဲအဖမ်းခံရမှာစိုးလို့ ပုန်းရှောင်ရင်း တိုက်ပေါ်က လိမ့်ကျသေဆုံးသွားပြီး ဆွေမျိုးတွေက ဘယ်လို ဆက်လုပ်ရမှန်းမသိလို့ ကျနော်တို့ဆီ လာပြီးအကူအညီတောင်းပါတယ်။ အခင်းဖြစ်ဖြစ်ချင်း အဲဒီနေရာလိုက်သွားပြီး သူ့မိသားစုဝင်တွေနဲ့အတူ နယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားပေးခဲ့တယ်။  လူသေဆုံးမှု အကြောင်းကြားတယ်၊ ပြီးတော့ လာဖမ်းတဲ့ ရဲ က တကယ်ပဲ အမိန့်အရ လာစစ်တာလား၊ ဝရမ်းပါသလား၊ ဒီလို ရဲဖမ်းရင်း သေသွားရတဲ့အမှုမှာ တာဝန်ရှိသူတွေ က ဘယ်လိုထောက်ပံ့ကူညီပေးနိုင်မလဲပေါ့။”

ပုံမှန်မှာ စစ်ဆေး‌‌ရေးလာရောက်ပါက ရဲတင်မကဘဲ နယ်မြေအုပ်ချုပ်ရေးမှူး၊ လဝက၊ အလုပ်သမားရုံးစသဖြင့် အဖွဲ့စုံပူးပေါင်းစစ်ဆေးလေ့ရှိကြောင်း၊ အချို့ရဲတွေက မိမိသဘောနဲ့ ဝင် စစ်ပြီး အမှုမဖြစ်ချင်က ငွေညှစ်တောင်းယူတာတွေလည်းရှိတာကြောင့် အမှန်တကယ်ပဲ အထက် ညွှန်ကြားချက်နဲ့ ဝင်စစ်တာ ဟုတ်မဟုတ် စစ်ဆေးပြီး အရေးယူစေချင်တာလို့ သူကဆက်ပြော ပါတယ်။ 

သေဆုံးသူ အလုပ်သမားမှာ အမှန်စင်စစ် အလုပ်သမားကတ် အပြည့်အစုံရှိပေမဲ့ ယခင်သူဌေးဟောင်းက သူတို့အလုပ်သမားကတ်တွေ သိမ်းထားတယ်၊ အဲဒီအလုပ်က ထွက်လာ တော့ သူဌေးဟောင်းက အလုပ်ထွက်ကြောင်း စာမထုတ်ပေးသေးလို့ အလုပ်ရှင်သစ်နဲ့ မှတ်ပုံမတင် ရသေးဘူး၊ ဒါကြောင့် သူ့မှာ အထောက်အထားမပြည့်စုံလို့ ယူဆပြီး ရဲတွေနဲ့ ရင်မဆိုင်ရဲတာလို့  ဆိုပါတယ်။ 

ကိုဇင်နေကိုထက်မှာ ဆောက်လုပ်ရေးအလုပ်သမားတယောက်ဖြစ်ပြီး လက်ရှိလုပ်ငန်းခွင်ကို ပြောင်းလာတာ ၇ ရက်ခန့်သာရှိသေးတယ်။ အခင်းဖြစ်တဲ့ညက သူ့ဇနီးပါ အတူထွက်ပြေးကြတာမှာ ဓာတ်လှေခါးပေါက်မရောက်ခင် ဇနီးက ချော်လဲသွားလို့  သေဘေးက လွတ်သွားတာလို့ ဆိုပါတယ်။ 

လောလောဆယ် သေဆုံးသူရဲ့ အလောင်းကို ဆေးရုံက စစ်ဆေးနေဆဲဖြစ်တာကြောင့် သင်္ဂြိုဟ်မယ့် ရက်နဲ့ နေရာကို မသိရသေးဘူးလို့ WAG က ပြောသွားပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013