DVB Logo
Home
မြန်မာသတင်း
တဖက်သက် အပစ်ရပ်သက်တမ်းတိုးကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကြေညာ
DVB
·
March 1, 2020
တဖက်သက် အပစ်ရပ်သက်တမ်းတိုးကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကြေညာ
1 / 2
Donate to DVB

လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ အေအေ အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က တဖက်သတ် အပစ်ရပ်တာကို သက်တမ်းတိုးတယ်လို့ ၄ ကြိမ် မြောက် ကြေညာလိုက်ပါတယ်။

ရက္ခိုင့်တပ်မတော် အေအေ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ဟာ မတ် ၁ ရက်ကနေ ၂၅ ရက်အထိ အပစ်ရပ်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်း စစ်မီးချုပ်ငြိမ်းစေဖို့၊ အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာစာချုပ် လက်မှတ်ထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးကို လက်တွေ့ကျကျလုပ်နိုင်ဖို့၊ လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စုပေါင်းရင်ဆိုင်ရာမှာ အထောက်အကူဖြစ်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အေအေနဲ့ တိုက်ပွဲတွေဖြစ်နေသလို တအာင်း၊ ကိုးကန့်ဒေသတွေမှာလည်း တပ်မတော်က စစ်ဆင်ရေးတွေ လုပ်နေတာကြောင့် ထိုးစစ်ကို စောင့်ကြည့်နိုင်ဖို့ အခုလို ရက်အကန့်အသတ်နဲ့ ကြေညာတာလို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် အမြန်ဆုံး လက်မှတ်ထိုးဖို့လည်း သူတို့က တိုက်တွန်းထားပါတယ်။

အခုကြေညာထားတဲ့ကာလမှာ မဟာမိတ်အဖွဲ့တွေထဲက တဖွဲ့ဖွဲ့ကို တပ်မတော်က ထိုးစစ် ဆင်လာတယ်ဆိုရင်တော့ ပြန်ပြီးခုခံသွားမယ်လို့လည်း ဆိုပါတယ်။

မဟာမိတ် ၃ ဖွဲ့ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်ကစလို့ တဖက်သတ်အပစ်ရပ်တယ်လို့ ကြေညာခဲ့ပြီး ၃ ကြိမ် သက်တမ်းတိုးခဲ့ပေမယ့် တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013