DVB Logo
Home
အားကစား
ဘရာဇီးတိုက်စစ်မှူး နေမာ ဆန်းတို့စ်အသင်းနှင့် ၁ နှစ်သက်တမ်းတိုးရန် သဘောတူ
DVB
·
January 1, 2026
ဘရာဇီးတိုက်စစ်မှူး နေမာ ဆန်းတို့စ်အသင်းနှင့် ၁ နှစ်သက်တမ်းတိုးရန် သဘောတူ
Donate to DVB

ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဆန်းတို့စ်အသင်းနဲ့ တနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

နေမာဟာ လက်ရှိအချိန်မှာ ဘယ်ဒူးဒဏ်ရာ ခွဲစိတ်ကုသခဲ့ရတာကြောင့် အနားယူနေရပြီး လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားကစားခွင့်ရဖို့လည်း ပစ်မှတ်ထားနေပြီး နည်းပြ အန်စလော့တီ ဘက်ကလည်း နေမာနဲ့ ဆွေးနွေးမှုတွေရှိကြောင်း ဝန်ခံထားပါတယ်။

နေမာဟာ ဆန်းတို့စ်နဲ့ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းတိုးမှာဖြစ်ပြီး မကြာခင် သတင်းထုတ်ပြန်လာဖို့ ရှိပါတယ်။

အသက် ၃၃ နှစ်ရှိ နေမာဟာ ဒဏ်ရာပြဿနာတွေကြောင့် ၂၀၂၃ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဆော်ဒီကလပ် အယ်လ်ဟီလယ်နဲ့ ဆန်းတို့စ်အသင်းတို့ရဲ့ ပွဲစဉ် ၈၉ ပွဲအထိ လွဲချော်ခဲ့သူပါ။

ဘရာဇီးအသင်းမှာလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကတည်းက ပါဝင်နိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013