DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း သိမ်းဆည်းမြေ ၂၉၆၅ ဧက တောင်သူ ၆၀၀ ကျော်ကို ပြန်ပေးမည်
DVB
·
March 1, 2020
ဧရာဝတီတိုင်းအတွင်း သိမ်းဆည်းမြေ ၂၉၆၅ ဧက တောင်သူ ၆၀၀ ကျော်ကို ပြန်ပေးမည်
Donate to DVB

တောင်သူလယ်သမားနေ့ အခမ်းအနားမှာ သိမ်းဆည်းခံ တောင်သူ ၆၀၀ ကျော်ကို လယ်ယာမြေ ၂၉၆၅ ဧက ပြန်လည်ပေးအပ်မယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေဝန်ကြီး ဦးတင်အောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“လယ်သမားတွေက အမှန်တကယ် သိမ်းဆည်းခံရတာ၊ နစ်နာခဲ့တာ ဖြစ်တယ်။ တန်ရာတန်ကြေး လျော်ကြေးပေးခဲ့တာ မဟုတ်ဘူး၊ မြေလည်း အစားပြန်ပေးခဲ့တာမျိုး မရှိဘူးဆိုရင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်ရိုက်တင်ပြနိုင်တယ်၊ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်တွေကိုလည်း အမြန်ဆုံး တင်ပြစေချင်ပါတယ်။” 

ဧရာဝတီတိုင်းအစိုးရက မတ်လ ၂ ရက်နေ့၊ တောင်သူလယ်သမားနေ့မှာ ဓနုဖြူမြို့နယ်၊ မအူပင်မြို့နယ်၊ ရေကြည်မြို့နယ်နဲ့ ကျောင်းကုန်းမြို့နယ်မှ လယ်သိမ်းခံရတဲ့ တောင်သူလယ်သမား ၆၃၉ ဦးအား လယ်ယာမြေ ၂၉၆၅ ဧကကို ပြန်လည်ပေးအပ်သွားမှာပါ။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေနဲ့ အထူးအဖွဲ့တွေထပ်ပြီး ဆောင်ရွက်ပေးနေကြောင်း၊ နစ်နာတဲ့သူတွေနဲ့ ရသင့်ရထိုက်တဲ့သူတွေ မကျန်အောင် အမြန်ဆုံးလုပ်ပေးနေတယ်လို့ ဝန်ကြီး ဦးတင်အောင်ဝင်းက ပြောပါတယ်။

ဧရာဝတီတိုင်းအစိုးရက တောင်သူလယ်သမားနေ့ကို ကန်ကြီးထောင်မြို့နယ်၊ ဝါးဒူးကျေးရွာမှာ မတ် ၂ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ဒီနေ့မှာလည်း တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲကို ကျင်းပခဲ့ပါတယ်။

စည်သူမောင်မောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013