DVB Logo
Home
မြန်မာသတင်း
မန္တလေး ဟိုတယ်အချို့ နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်း
DVB
·
March 1, 2020
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံကနေ မန္တလေးကို ပျံသန်းတဲ့ လေကြောင်းလိုင်းအချို့ ရပ်တန့်ပြီးနောက်ပိုင်း ဟိုတယ်အချို့မှာ နိုင်ငံခြားခရီးသွားဧည့်သည် တည်းခိုမှု ကျဆင်းလာတယ်လို့ သိရပါတယ်။ 

 တရုတ်နိင်ငံမှာ ကိုရိုနာဗိုင်းရပ်မဖြစ်ပွားခင်က မန္တလေးကို နေ့စဉ် ဆိုက်ရောက်တဲ့ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းပေါင်း ၂၀ နီးပါးရှိပြီး  ခရီးသွားဧည့်သည် ၁၂၀၀ ကျော်အထိ ဝင်ရောက်ခဲ့တာပါ။  

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိင်ငံက မန္တလေးကိုပျံသန်းတဲ့ လေယာဉ်လိုင်းအချို့  ဖေဖော်ဝါရီလဆန်းက စတင်ကာ ရပ်ဆိုင်းခဲ့ပြီနောက်ပိုင်း နိုင်ငံခြား ခရီးသွားခရီးသွား တည်းခိုမှု ကျဆင်းလာတယ်လို့ သိရပါတယ်။ 

  Hotel Hazel မန်နေဂျင်း ဒါရိုက်တာ  ဒေါ်သန်းသန်းဆွေက “လွန်ခဲ့တဲ့ နှစ်ကတော့ Hight Season ပေါ့။ ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ် ဟိုတယ်က။ ခုဟာက တဖြည်းဖြည်းနဲ့ နှစ်ကုန်ပိုင်းလည်းဖြစ်ရော ဝူဟန်ရောဂါရောကြောင့် ခုအန်တီတို့ဆီမှာ ၂၅ ရာခိုင်နှုန်းလောက်ကျသွားပါတယ်။ အဲ့တော့ အကုန်လုံးယှဉ်လိုက်မယ်ဆိုရင်တော့ ၇၀၊ ၇၅ ရာခိုင်နှုန်းလောက်တော့ ထိုးကျသွားတယ်လို့ ပြောရမှာပါ။ ဝန်ထမ်းတွေ လျော့ချတာတော့ မရှိပါဘူး။ အရင်ကတည်းက ကျမတို့ အသုံးအစွဲတွေ လျော့ခိုင်းထားတယ်။ နောက်ပြီးတော့ ကုန်ကျစရိတ်ကုန်ကျမယ့် ရေ၊ မီးတွေ သုံးတာတွေတို့ လျော့လို့ရတဲ့ဟာတွေ လျော့ခိုင်းထားပါတယ်။ လူတွေကိုတော့ မလျော့ပါဘူး။” လို့ ပြောပါတယ်။

  အခုကာလဟာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်တဲ့ ကာလဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ထိခိုက်မှုတွေဖြစ်လာတာပါ။  ဥပရောပဘက်ကလာတဲ့ ဧည်သည်တွေကို အားကိုးတဲ့ ဟော်တည်တွေကတော့ ဧည့်သည် အရမ်းမကျသွားဘူးလို့ ပြောပါတယ်။

  Ayarwaddy River View Hotel - Mandalay အထွေထွေမန်နေဂျာ ဦးသက်လင်းအောင်က “ကျနော်တို့ အဓိက ဧည့်သည်များတာ EU ကများတယ်။ ဆိုတော့ တရုတ်ကတော့ ရှိတော့ရှိတယ်။ အနည်းအကျဉ်းတော့ရှိတယ်။ အခုဟာက ဖေဖော်ဝါရီဆိုတော့ ရာသီချိန်ပေါ့လေ။ ရာသီချိန်မှာ ဒီလိုဖြစ်တယ်ဆိုတော့ အနည်းအကျဉ်းတော့ ထိခိုက်တာပေါ့။ ကျတော့ကျသွားတယ်။ ဒါပေမယ့် တရုတ်က အရင်ကတည်းက အများကြီးမရှိတဲ့အခါကြတော့ ထူးထူးခြားခြား အရမ်းကျသွားတာမျိုးမရှိဘူး။ ပုံမှန်ဆိုရင်တော့ အရင်တုန်းကတော့ ပုံမှန် ၈၀၊ ၈၅ ရာခိုင်နှုန်းလောက်ရောင်းရတယ်။ ခုတော့ နည်းနည်းလျော့သွားတာပေါ့။ ၂၀ ရခိုင်နှုန်းလောက် လျော့သွားတာပေါ့။” လို့ ပြောပါတယ်။

  အရင်က မန္တလေးမြို့မှာ ဟိုတယ်ခြင်း ချိတ်ဆက်ပြီး တရုတ်ခရီးသွားဧည့်သည်တွေကို လက်ခံတဲ့ ဟိုတယ်ပေါင်း ၉၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

မန္တလေးမှာ ရှိတဲ့ ဟိုတယ်တွေ အကုန်လုံးနီးပါ ကိုရိုရာဗိုင်းရပ်စ်ဂယက်ကြောင့် ထိခိုက်မှု့တွေရှိနိုင်တယ်လို့  ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အကြံပေး ဦးဝေယံမောင်က ပြောပါတယ်။

၂၀၁၉ ခရီးသွားနှစ်အတွင်း မန္တလေးမြို့မှာ တရုတ်ခရီးသွားဧည့်သည်ဝင်ရောက်မှု ၆၈၀၀၀၀ ကျော်အထိရှိခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ တရုတ်နိင်ငံက လေကြောင်းလိုင်းအချို့ ရပ်နားထားတာကြောင့် လစဉ်ခရီးသွားဝင်ရောက်မှု အရေအတွက်ကို ပြောဆိုဖို့အတွက် ခက်ခဲနိုင်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး အထက်မြန်မာပြည်ဌာနခွဲကနေ သိရပါတယ်။ 

မန္တလေးမြို့မှာ ဟိုတယ်ပေါင်း ၂၈၇ လုံးရှိပြီး အခန်းပေါင်း ၆၉၇၈ ခန်းရှိတယ်လို့ သိရပါတယ်။

ကျော်ဇေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013