DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ညောင်လေးပင်မယ်တော်ပွဲ မကျင်းပတော့ဟု ကြေညာ
DVB
·
March 1, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ညောင်လေးပင်မယ်တော်ပွဲ မကျင်းပတော့ဟု ကြေညာ
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် နှစ်စဉ် ကျင်းပနေတဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ညောင်လေးပင် မယ်တော်ပွဲကို မကျင်းပတော့ဘူးလို့ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားစ်ဘိုက ကြေညာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကူးစက်မြန်ရောဂါ၊ ဒါမှမဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်မှာ ကြေညာခဲ့တာ၊ ဒီရောဂါကြောင့် နိုင်ငံတချို့မှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်နေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီနှစ် မကျင်းပတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။

ဒါကြောင့် မိသားစုအလိုက်၊ အသင်းအဖွဲ့အလိုက်ပဲ သွားရောက် သဒ္ဓါကြည်ညိုကြဖို့ ကာဒီနယ် ချားစ်ဘိုက တိုက်တွန်းထားပါတယ်။

ညောင်လေးပင် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီ ကျင်းပပြီး အနယ်အနယ် အရပ်ရပ်က ခရစ်ယာန်ဘာသာဝင်တွေ လာရောက်ကြသလို ဒီနှစ်မှာတော့ ၁၁၈ ကြိမ်မြောက် ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် အတွင်းရေးမှူး ဖာသာပီတာက “ကျနော်တို့ ကက်သလစ်သာသနာမှာ လုဒ်မယ်တော်ပွဲတော်ကို တကမ္ဘာလုံးမှာတော့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျင်းပလေ့ရှိပါတယ်။ ဒီမှာတော့ အားလုံး အဆင်ပြေအောင် ဖေဖော်ဝါရီလထဲက အဆင်ပြေမယ့်ရက်မှာ ကျင်းပကြပါတယ်” လို့ ရှင်းပြပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားခါစ ဖေဖော်ဝါရီ ၅ ရက်ကတည်းက ပွဲတော်ရက်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး မတ် ၂၀ ရက်ကနေ မတ် ၂၉ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ ဒီနေ့အထိ သံသယလူနာ ၂ ယောက်နဲ့ စောင့်ကြည့်လူနာ ၄၃ ယောက်ကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး တယောက်မှာမှ ရောဂါပိုး မတွေ့ကြောင်းနဲ့ ဖေဖော်ဝါရီ ၂၉ ရက် ည ၈ နာရီအချိန်ထိမှာတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးက ဆေးရုံတွေမှာ စောင့်ကြည့်လူနာတွေ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကိုရိုနာ COVID–19 ဗိုင်းရပ်စ် အဖြစ်များနေတဲ့ စင်ကာပူမှာလည်း အသင်းတော်ရဲ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားတွေနဲ့ လူစုလူဝေး ဖြစ်ပေါ်စေမယ့် အခမ်းအနားတွေကို ကျင်းပတာကို ရပ်ဆိုင်းလိုက်တယ်လို့ စင်ကာပူ ကက်သလစ်အသင်းတော်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၈၆၉၉၂ ဦး၊ သေဆုံးသူ ၂၉၇၉ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၂၃၃၄ ဦး ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013