DVB Logo
Home
မြန်မာသတင်း
ဖုန်းဆိုင်ထဲဝင်ရန် ကြိုးစားသည့် ၁၀ တန်းကျောင်းသား ၃ ဦးကို အမှုဖွင့်
DVB
·
February 29, 2020
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ အောင်မင်္ဂလာရပ်ကွက် ဖေဖော်ဝါရီ ၂၈ မနက် ၂ နာရီက Sky mobile ဖုန်းအရောင်းဆိုင်ထဲ ဝင်ဖို့ ကြိုးစားတဲ့ ၁၀ တန်းကျောင်းသား ၃ ဦးအား အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရှိက "ကလေးတွေကို ခေါင်မိုးပေါ်မှာတွေ့တယ်။ ၁၀ တန်းကျောင်းသားတွေပါ။ စာမေးပွဲကလည်း နီးနေပြီ၊ ဆိုင်ရှင်ကပဲ တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်" လို့ ပြောပါတယ်။

Sky mobile ဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုအောင်ခန့်ကိုက "ပိတ်ထားတဲ့ဆိုင်ထဲကို လူဝင်နေတယ်ဆိုတာ ပတ်ဝန်းကျင်က ဖုန်းဆက်သတင်းပေးတယ်။ အဲမှာရဲစခန်းကို အကြောင်းကြားပြီး လိုက်ရှာတော့ ဆိုင်ရဲ့ခေါင်မိုးပေါ်မှာ တွေ့ရတယ်၊ ဘယ်လိုတက်သွားတယ် စဉ်စားမရဘူး။ ခေါင်မိုးက တော်တော်မြင့်တယ်၊ လှေကားမရှိ တက်စရာအထောက်အကူပစ္စည်းမရှိဘဲ တက်နိုင်တယ်ဗျာ။ တရားဥပဒေရှိတယ်လို့ ကလေးတွေကို သိစေချင်တာပါ၊ တရားဥပဒေအတိုင်းပဲ ဆက်လုပ်လိုက်ပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် အဆိုပါကျောင်းသား ၃ ဦးနဲ့အတူ ခွတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

အဆိုပါ ၁၀ တန်းကျောင်းသား ၃ ဦးဟာ ပြင်ပဘော်ဒါဆောင်တခုမှာ နေထိုင်ပြီး ဝမ်းတွင်းမြို့က အထက်တန်းကျောင်းမှာ စာသင်ကြားနေကြတယ်လို့ သိရပါတယ်။

၁၀ တန်းကျောင်းသား ၃ ဦးအား ဝမ်းတွင်းမြို့မရဲစခန်းက ညအချိန်မတော် အိမ်ကျော်နင်းမှု ရာဇသတ်ကြီးပုဒ်မ ၄၅၆ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013