DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းအတွင်း စတုတ္ထတန်းနှင့် အဌမတန်း မေးခွန်းများ ပေါက်ကြားမှု အမှုဖွင့်
DVB
·
February 29, 2020
Donate to DVB

ပဲခူးတိုင်းအတွင်း အခုဖြေနေတဲ့ စတုတ္ထတန်း နဲ့ အဌမတန်း မေးခွန်းတွေ ပေါက်ကြားသွားတာ နဲ့ ပက်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

၂၀၁၉ - ၂၀၂၀ ပညာရေးနှစ်အတွက် ပဲခူးတိုင်းအတွင်းကနေ စတုတ္ထတန်းဖြေဆိုသူ ၁ သိန်းဝန်းကျင်နဲ့ အဌမတန်း ဖြေဆိုသူ ၇ သောင်းလောက်ရှိပြီး အဲဒီအတန်းတွေကို ဖေဖဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး စားမေးပွဲ စစ်ဆေးနေပါတယ်။

စာမေးပွဲစစ်တဲ့နေရာမှာ မေးခွန်းတွေကို မေးခွန်းအိတ်နဲ့ထည့်ပြီး ချိပ်ပိတ်ကာ သော့ ၂ ချက်ခတ်တဲ့ သေတ္တာနဲ့ထည့်ပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေကတဆင့် စစ်ဌာန ကြီးကြပ်ရေးမှူးတွေကို စနစ်တကျလွှဲတာပါ။

စာစစ်ဌာနတွေမှာလည်း မေးခွန်းထားတဲ့ မေးခွန်းတိုက်ထဲမှာ စနစ်တကျ သိမ်ဆည်းထားပြီး ဖြေဆိုမယ့်မနက် စာမေးပွဲအချိန်နီးမှ မေးခွန်းအိတ်ကို ဖွင့်ဖောက်ရတာပါ။ ဒါပေမယ့် အဲဒီမေးခွန်းတွေက  တနေ့ကြိုကြိုပြီး Online ပေါ်မှာ တက်နေတာလို့ ဆိုပါတယ်။ 

ဒီမေးခွန်းတွေကို ပညာရေး ပဲခူးတိုင်းဒေသကြီးဆိုတဲ့ အကောင့်ကနေ ပထဝီ ဘာသာအထိ မေးခွန်းတွေကို တင်လိုက်တာဖြစ်ပြီး အခုလိုလျှို့ဝှက်အပ်တဲ့မေးခွန်းကို အများသိအောင် Online ကနေ ထုတ်ပြန်တဲ့ အကောင့်ပိုင်ရှင်နဲ့ ပါဝင်ပတ်သက်သူတွေကို အရေးယူပေးဖို့ တိုင်းပညာရေးမှူးကိုယ်တိုင်း ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ပဲခူးတိုင်းပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစန်းအောင်က ပြောပါတယ်။

ပဲခူးခရိုင်က ထုတ်တဲ့ ဒီမေးခွန်းတွေ ပေါက်ကြားသွားတာ နဲ့ပါတ်သက်ပြီး ပဲခူးခရိုင်အတွင်း ၈ မြို့နယ်က ကျောင်းတွေမှာ မြို့နယ်ထွေအုပ်အပါအဝင် ပညာရေးဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“အဲဒီလို မေးခွန်းတွေ ပေါက်ကြားမှု နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်နေပြီး ခုလိုဖြစ်ရတာဟာ ပညာရေး ဌာနရဲ့ပုံရိပ်ကို ထိခိုက်စေသလို ကလေးအချင်းချင်းမှာလည်း တန်းတူအခွင့်အရေးကို ဆုံးရှုံးစေတယ်။”

လက်ရှိမှာတော့ ကျောင်းတွေမှာ လိုက်စစ်တာ အဖြေမထွက်သေးတဲ့အတွက် အစစ်ဆေးခံရတဲ့ ကျောင်းတွေက ဆရာ/ဆရာမတွေကတော့ သူတို့ကိုစစ်သလို မေးခွန်းဘယ်က ပေါက်တယ်ဆိုတာ အဖြေမထွက်မခြင်း အထက်အဆင့်ဆင့်ကိုလည်း စစ်ဆေးပေးစေလိုတယ်လို့ ကျောင်းအုပ် ဆရာ/ ဆရာမတွေက ပြောပါတယ်။

လက်ရှိမှာတော့ ရဲစခန်းက ၆၆ (ဃ)နဲ့ အမှုဖွင့်ပေးထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိပြီးမှသာ  စစ်ဆေးပေါ်ပေါက်ချက်အပေါ် မူတည်ပြီး ပုဒ်မတွေကို ပြောင်းလဲဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013