ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်စကီးဟာ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတေနဲ့ အစည်းအဝေး အပါအဝင် အစည်းအဝေးတွေ အများအပြားကို အာမေးနီးယားနိုင်ငံမှာ မေလ ၄ ရက်က တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
ဇလန်းစကီးက နေတိုး အတွင်းရေးမှူးချုပ်ရူတေ၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနဲ့ အာမေးနီးယားဝန်ကြီးချုပ် နီကိုလ်ပါရှင်ယန်တို့နဲ့ တွေ့နေတဲ့ ဗီဒီယိုကို ယူကရိန်းသမ္မတရဲ့ သတင်းထုတ်ပြန်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဇလန်းစကီးက PURL အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းနဲ့ မိတ်ဖက်အသစ်တွေရဲ့ ပံ့ပိုးကူညီမှုတွေကို ဆွဲဆောင်ခြင်းတို့အတွက် NATO အကြီးအကဲ မာ့ခ်ရူတေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ရူတေက အစီအစဉ်ဟာ အလုပ်ဖြစ်နေပြီး ယူကရိန်းဆီ ပဲ့ထိန်းဒုံးကျည်တွေကို ဆက်ထောက်ပံ့သွားမယ်လို့ အတည်ပြုပြောပါတယ်။
Source: Reuters










