DVB Logo
Home
Lead Story
နှုတ်ခမ်းနီမလေးတို့အသည်းစွဲ စိုင်းစိုင်းနှင့် ပိုးမမှီသာတို့ပါဝင်သည့် ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်(နမူနာ)
DVB
·
February 26, 2020
နှုတ်ခမ်းနီမလေးတို့အသည်းစွဲ စိုင်းစိုင်းနှင့် ပိုးမမှီသာတို့ပါဝင်သည့် ပိတောက်ကတဲ့ ဂီတ ရုပ်ရှင်(နမူနာ)
Donate to DVB

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ မျက်နှာသစ်သရုပ်ဆောင်မင်းသမီး ပိုးမမှီသာတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

ပိတောက်ကတဲ့ဂီတလို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကိုတော့ Frenzo Production ကနေ တင်ဆက်လိုက်တာဖြစ်ပြီး နေနော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ မီးပွားက ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

သင်္ကြန်ရာသီအမီ အပြင်အဆင်၊ အခင်းအကျင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ် ရှင်ကားဟာ ဂီတကို အခြေခံထားတဲ့ အချစ်ဒရာမာဇာတ်ကားတကားဖြစ်ပြီး ဇာတ်ကား ထဲမှာ သီချင်းတွေလည်း အများကြီး အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အဂ္ဂါစိုင်း၊ ပိုးမဒီစတဲ့ အဓိကဇာတ်ဆောင်တွေရဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့အတူ ဂီတဒရာမာအချစ်ဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။

ဒီကားထဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ ပိုးမမှီသာတို့နဲ့အတူ တခြားဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်သူ၊ ဇင်ဝိုင်း၊ ချိုပြုံး၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ အေးမြတ်သူစတဲ့ သရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။

စိုင်းစိုင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာ ပြီးခဲ့တဲ့ ရုပ်ရှင်၊ ဂီတအနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်ရဲ့ နှလုံးသားကို သိမ်း ပိုက်ထားနိုင်သူ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲကို မော်ဒယ်လ်ဘဝနဲ့ စ တင်ဝင်ရောက်ခဲ့သူ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ ချော ကလက်ရောင် ရေခဲအိပ်မက် တေးစီးရီးနဲ့ စတင်လူသိများလာခဲ့တာပါ။

အဲဒီနောက်မှာတော့ သူငယ်ချင်းများစွာ၊ ဖေဖော်ဝါရီမှတ်တမ်း၊ Sai Sai Live Show၊ စိုင်းစိုင်းဟုခေါ်သည်၊ Happy Sai Sai Birthday၊ အမြဲတမ်းဂေါ်လီ Ever Golli၊ ဒိတ်ဒိတ်ကြဲ စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပြင် အတွဲသီချင်းခွေပေါင်း များ စွာမှာလည်း သီဆိုအောင်မြင်ခဲ့သူပါ။ 

စက္ကူငှက်၊ ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏ စတဲ့ ကိုယ်တိုင်ရေး ဝတ္ထုတွေလည်း ထွက်ရှိခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်၊ အေ ဒင်ရဲ့ ကချေသည်၊ ကြာတော့သည်လည်း မောင့်စကား စတဲ့ နာမည်ကြီး ရုပ်ရှင်ကား တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

သူဟာ တခြားစီးပွားရေးတခုအနေနဲ့ နှုတ်ခမ်းနီမလေးတွေအကြိုက် Sai နှုတ်ခမ်း နီကိုလည်း ထုတ်လုပ်ခဲ့ကာ လက်ရှိအချိန်ထိ ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကို ဆယ် စုနှစ်နဲ့ချီ ရရှိထားခဲ့သူတဦး ဖြစ်ပါတယ်။

သူ့ရဲ့ တနှစ်နဲ့တနှစ် မတူအောင် ကွဲပြားခြားနားတဲ့ တီထွင်ဆန်းသစ်မှုတွေနဲ့ ဖျော် ဖြေခဲ့တဲ့ မွေးနေ့ရှိုးတွေဟာလည်း အောင်မြင်ခဲ့ပါတယ်။

လတ်တလောမှာတော့ သင်္ကြန်အငွေ့အသက်နဲ့ ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီး ဒီရုပ်ရှင်ကားထဲမှာ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ထပ်ပြီးတော့ ရှုစားကြရမှာပါ။

ဒီကားထဲမှာ ပါဝင်တဲ့ ဆရာဝန်၊ သရုပ်ဆောင် ပိုးမမှီသာကတော့ SAI Cosmetic ကြော်ငြာကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ တော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ဂါရ သီချင်းတစ်ပုဒ်” ဆိုတဲ့ သီချင်းထဲမှာ ပါဝင်သရုပ် ဆောင်ရာကနေတဆင့် ပရိသတ်အားပေးမှုတွေ ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူပါဝင်တဲ့ ပိတောက်ကတဲ့ဂီတရုပ်ရှင်ကား Trailer ဟာ ဖေ်စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၃ ရက်အတွင်း ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013