ရန်မပြုတဲ့ သင်္ဘောတွေကို ဟော်မုဇ်ရေလက်ကြား ဖြတ်ခွင့်ပေးမှာဖြစ်ကြောင်း အီရန်က ကုလသမဂ္ဂကို ပေးပို့တဲ့ မက်ဆေ့ချ်မှာ ပြောကြားထားပါတယ်။
အီရန်ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်က ဆိုရှယ်မီဒီယာ X မှာ ပို့စ်တင်ထားတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ အီရန်ကိုဆန့်ကျင်တဲ့အထဲမှာ မပါတဲ့သူတွေနဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေး စည်းမျဉ်းတွေကို အပြည့်အဝလိုက်နာတဲ့သူတွေက ရေလက်ကြားကို ဖြတ်သန်းခွင့်ရမှာပါလို့ ပါဝင်ပါတယ်။
ဒီလအစောပိုင်းမှာ တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်သင်္ဘောတွေ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ဆီတင်သင်္ဘောတွေ ဖြတ်သန်းမှု ပဥ္စမအများဆုံးနေရာဖြစ်ပြီး အီရန်စစ်ပွဲ စတင်ချိန်ကတည်းက သင်္ဘော ၂၂ စင်း ပစ်ခတ်ခံထားရပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ၂၁ မိုင်အကျယ်ရှိပြီး တိုက်ပွဲတွေကြောင့် အဲဒီရေလက်ကြားအနီးမှာ သင်္ဘောပေါင်း ၃,၂၀၀ သောင်တင်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဟော်မုဇ်ရေလက်ကြားကို လွတ်လွတ်လပ်လပ် ဖြတ်သန်းရေးအတွက် စစ်ပွဲရပ်ရေး အချက် ၁၅ ချက်ပါ အစီအစဉ်ကို ပါကစ္စတန်ကတဆင့် အီရန်ကို အိမ်ဖြူတော်က ပေးပို့ခဲ့တယ်လို့ အမေရိကန်နဲ့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ သဘောတူညီမှု မရခင်အထိ ဟော်မုဇ်ရေလက်ကြားကို အီရန်က အဓိက ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။
Source: Reuters










