
တရားမဝင် လွှတ်တော်နဲ့ စစ်ရာဇဝတ်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖွဲ့စည်းမဲ့ တရားမဝင်အစိုးရကို ဆန့်ကျင့်ကန့်ကွက်တဲ့အနေနဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မတ် ၁၇ ရက်က ဖားကန့်မှော်လှည့်သပိတ်နဲ့ ဖားကန့်ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဖားကန့်က သပိတ်မှောင် ပြည်သူတွေက “ပြည်သူသာအဓိက မည်သည့် အာဏာရှင်စနစ်မှ အလိုမရှိ”၊ “အပြစ်မဲ့ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်တပ်အလိုမရှိ”၊ “စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့”၊ “မြစ်ဆုံ စီမံကိန်း အလိုမရှိ”၊ “ “တရားမဝင် မင်းအောင်လှိုင် အစိုးရကို ပြည်သူအားလုံး ဆန့်ကျင်ကြ”၊ “ ပြည်သူအားလုံး သွေးမအေးပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ကြ” စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။










