
လီဗာပူးကို (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရလဒ်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်ခဲ့ရတဲ့ ဆာအဲလက်စ်ဖာဂူဆန်အတွက် ခွန်အားဖြစ်စေမှာပါလို့ မန်ယူယာယီနည်းပြ ကာရစ်က ပြောပါတယ်။
ဒီနိုင်ပွဲကြောင့် မန်ယူဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ၃ ပွဲအလိုမှာတင် အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ မိန်နူးက အနိုင်ဂိုးသွင်းခဲ့ပြီး ကာရစ်လက်ထက် ၁၄ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရထားတဲ့ မှတ်တမ်းကောင်းကြောင့် သူ့ကို အမြဲတမ်းနည်းပြခန့်ဖို့ ရေပန်းစားနေပါတယ်။
ကာရစ်ကတော့ လက်ရှိအလုပ်ကို ပျော်ရွှင်နေပြီး အနာဂတ်အတွက် စောင့်ကြည့်ရမှာဖြစ်ကြောင်း ဆိုပါတယ်။ ဖာဂူဆန်ကတော့ လက်ရှိမှာ ဆေးရုံကနေ အိမ်ကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။










