DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင် ရွေးချယ်
DVB
·
February 24, 2020
တနင်္သာရီတိုင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အမှုဆောင် ရွေးချယ်
1 / 2
Donate to DVB

၂၀၁၉-၂၀၂၀ သက်တမ်းကာလမှာ တာဝန်ထမ်းဆောင်မယ့် တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (TCCI) အမှုဆောင် ရွေးချယ်ပွဲကို ထားဝယ်မြို့ရှိ ဇေယျာထက်စံဟိုတယ်ခန်းမမှာ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ပါတယ်။

အမှုဆောင်အဖွဲ့ဝင် ၂၅ ဦးက  ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ၁၅ ဦး အဆိုပြု ရွေးချယ်ပြီး ဥက္ကဋ္ဌနေရာအတွက် မဲပေးပိုင်ခွင့်ရှိသူ ၁၅ ဦးက မဲပေးရာမှာ ဦးကျော်ဦးက မဲအများစုနဲ့ ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ် တာဝန်ပေးခံရပါတယ်။ ဦးကျော်ဦးဟာ  အရင်က TCCIမှာ အထွေထွေအတွင်းရေးမှူးတာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

TCCI ဥက္ကဋ္ဌသစ် ဦးကျော်ဦးက “ကျနော်တို့အသင်းဟာ အစိုးရနဲ့ ကုန်သည်အကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပေါင်းကူးသဖွယ် ဖွဲ့ထားတဲ့အသင်း ဖြစ်ပါတယ်။ လာမယ့်သက်တမ်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်နိုင်အောင် တာဝန်အသစ် လွှဲပြောင်းယူမယ့်နေ့ကစပြီး စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

TCCI အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်း ပြင်ဆင်တဲ့အပိုင်းကို ပထမဦးစားပေးအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒုတိယဦးစားပေးအနေနဲ့ ဒေအတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အသင်းသူ အသင်းသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

စည်းမျဉ်းစည်းကမ်းတွေ၊ ဖွဲ့စည်းပုံတွေ ပြင်ဆင်ပြီးရင် တနင်္သာရီတိုင်း ၁၀ မြို့နယ်ထဲမှာ ရှိနေတဲ့ လုပ်ငန်းရှင်တွေကို အသင်းနဲ့ပတ်သက်ပြီး မူဝါဒတွေ ချပြတာ၊ စည်းမျဉ်းစည်းကမ်းတွေ ချပြတာ လုပ်ဆောင်ပြီးရင် ပါဝင်ပူးပေါင်းနိုင်တဲ့ အခွင့်အလမ်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အနေအထားလေးတွေကို တင်ပြပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားဖို့ ဖိတ်ခေါ် သွားမယ်လို့ ဦးကျော်ဦးက ပြောပါတယ်။

အမှုဆောင် ရွေးချယ်ပွဲမှာ ဒုက္ကဋ္ဌ(၁) ဦးနိုင်ဝင်းဇော်၊ ဒဥက္ကဋ္ဌ(၂) ဦးအောင်စိုးမိုး၊ အထွေထွေအတွင်းရေးမှူး ဦးဘာစွမ်၊ တွဲဘက်အတွင်းရေးမှူး(၁) ဦးဇော်မိုးလတ်၊ တွဲဘက် အတွင်းရေးမှူး(၂) ဦးညီညီနိုင်၊ ဘဏ္ဍာရေးမှူး ဦးရှန်အမ်း၊ အကျိုးဆောင်စာရင်းစစ် ဦးရဲထွဋ်အောင်တို့ကို အသီးသီး ရွေးချယ်ခဲ့ပါတယ်။

TCCI ဥက္ကဋ္ဌအဖြစ် သက်တမ်း ၂ ကြိမ် ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်နိုင်ကတော့ အသင်းဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအရ ဥက္ကဋ္ဌ ထပ်မံရွေးချယ်မခံတော့ဘဲ နာယကနေရာမှာ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ တာဝန် ပြောင်းလဲထမ်းဆောင်ဖို့ကို မတ်လမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှာ အသင်းဝင် ၂၀၇ ဦး ရှိပါတယ်။



တင့်လွင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013