DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ ယခုဘဏ္ဍာနှစ်အတွင်း အခွန်ကျပ်သန်း ၈၂၀၀ ကျော်ရရှိရန် လျာထား
DVB
·
February 24, 2020
စစ်ကိုင်းတိုင်း၌ ယခုဘဏ္ဍာနှစ်အတွင်း အခွန်ကျပ်သန်း ၈၂၀၀ ကျော်ရရှိရန် လျာထား
1 / 2
Donate to DVB

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခွန်အရပ်ရပ်ကနေ ငွေကျပ်သန်းပေါင်း ၈၂၁၅ သန်းကျော် ရရှိဖို့ လျာထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနက သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ထွေအုပ်၊ ငါးလုပ်ငန်း၊ သစ်တောနှင့် စည်ပင် စတဲ့ ဌာနအဖွဲ့အစည်း ၅ ခုကနေ ကောက်ခံသွားမှာပါ။ 

အခွန်အရပ်ရပ်ကောက်ခံရရှိဖို့ လျာထားချက်အနေနဲ့ ရေခွန် ၉၅ ဒသမ ၂ သန်း၊ ယစ်မျိုးခွန် ၃၃၆၉.၀၆၃ သန်း၊ မြေယာခွန် ၁၉၉ ဒသမ ၁၉၉ သန်း၊ တာတမံခွန် ၀ ဒသမ ၁၃၉ သန်း၊ ဓာတ်သတ္တုပစ္စည်းခွန် ၁၂၈ ဒသမ ၆၆၄ သန်း၊ အင်းအိုင်ခွန် ၈၅၀ သန်း၊ သစ်တောခွန် ၂၀၄ ဒသမ ၃၅၂ သန်း၊ ပစ္စည်းခွန် ၁၀၄၅ ဒသမ ၅၈၅ သန်းနှင့် ဘီးခွန် ၂၃၂၂ ဒသမ ၉၆၅ သန်းတို့ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရကနေ တိုက်ရိုက်ကိုင်တွယ်တဲ့ ဘဏ္ဍာအခွန်တွေက ရရှိမှု နည်းနေသေးပြီး အခွန်ငွေ အပြည့်အဝရရှိအောင် အသိပညာပေးရင်းနဲ့ပဲ တဖြည်းဖြည်း လုပ်ဆောင်ရမယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီးက ပြောဆိုထားပါတယ်။

အခုနှစ်အတွင်း လက်လုပ်လက်စား၊ အသေးစားဓာတ်သတ္တုတူးဖော်ခွန်တွေလည်း တိုးလာမယ့် အနေအထားမှာရှိနေပြီး စည်းကြပ်ထားတဲ့ အခွန်တွေထဲက ရေခွန်ကဲ့သို့သော အခွန်တွေမှာတောင် ရသင့်ရထိုက်တာထက် နည်းနေသေးတယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။ 

ဒါ့အပြင် နောက်ထပ် စည်းကြပ်ရမယ့် အခွန်တွေလည်း ရှိနေသေးပေမယ့် စည်းကြပ်ထားတဲ့ အခွန်တွေကို အရင်ဆုံး တင်းပြည့်ကျပ်ပြည့်ရအောင် လုပ်ဆောင်သင့်တယ်လို့လည်း ပြောဆိုတာတွေရှိပါတယ်။ 

အခုဘဏ္ဍာနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းတွေအရ အခွန်ကောက်ရငွေ ၈၂၁၅ ဒသမ ၁၆၇ သန်း၊ အခြားသာမန်ရငွေ ၂၅၉၀၄ ဒသမ ၅၂၅ သန်း၊ ပြည်ထောင်စုကနေ အခွန်ဝေစုခွဲငွေရရှိငွေ ၈၀၄၉ ဒသမ ၈၄၇ သန်း၊ ပြည်ထောင်စုထောက်ပံ့ငွေ ၂၀၉၉၁၄ ဒသမ ၁၉၈ သန်းနဲ့ အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁ ထောင် စုစုပေါင်း ၂၅၃၀၈၃ ဒသမ ၇၃၇ သန်း ရှိပါတယ်။ 

အဲဒီရရှိငွေတွေကို ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ၁၆၄၀၄၀ ဒသမ ၅၃၇ သန်းနှင့် သာမန်အသုံးစရိတ်အဖြစ် ၈၉၀၄၃ ဒသမ ၂ သန်း ခွဲဝေသုံးစွဲမှာလည်း ဖြစ်ပါတယ်။ 

အခွန်ဝေစုရငွေအနေနဲ့ NLD အစိုးရလက်ထက် ၂၀၁၆-၁၇ ခုနှစ်မှာ ၂၇၈၆ ဒသမ ၈၀၉ သန်း၊ ၂၀၁၇-၁၈ မှာ ၁၂၇၅၃ ဒသမ ၂၀၆ သန်း၊ ၂၀၁၈ ခုနှစ် ၆ လဘက်ဂျက်မှာ ၁၃၁၀ ဒသမ ၀၆၄ သန်း၊ ၂၀၁၈-၁၉ မှာ ၇၉၇၈ ဒသမ ၁၆၁ သန်းတို့ ရရှိခဲ့ပါတယ်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အရအသုံးခန့်မှန်းခြေစာရင်းတွေအရ ရငွေပေါင်းအနေနဲ့ ၄၉၅၂၇ ဒသမ ၄ သန်းကျော်ရှိပြီး သုံးငွေအနေနဲ့ ၂၆၉၄၄၁ ဒသမ ၆ သန်းကျော်ရှိတဲ့အတွက် လိုငွေ ကျပ်သန်းပေါင်း ၂၁၉၉၁၄ ဒသမ ၁ သန်းကျော်ရှိနေပါတယ်။ 

အခုဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒေသန္တရစီမံကိန်းအနေနဲ့ လယ်ယာနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး လူမှုစီးပွားမြင့်မားစေရေး၊ MSME လုပ်ငန်းများ အားပေးမြှင့်တင်ရေး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စတဲ့ မူဝါဒတွေ ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013