အင်တာနက် ဖြတ်တောက်မှု ချက်ချင်းရပ်တန့်ပေးရန် စစ်တွေတွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
February 22, 2020
ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ အင်တာနက် ဖြတ်တောက်မှု ချက်ချင်းရပ်တန့်ပေးဖို့ လူထုလမ်းလျှောက် ဆန္ဒဖော်ထုတ်တောင်းဆိုပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လယ်က စစ်တွေမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်နဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂတို့ ဦးဆောင်ပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ တောင်ကုတ်မြို့တွေမှာ တပြိုင်နက်တည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက် ဖြတ်တောက်ထားမှုဟာ ရက်ပေါင်း ၂၅၀ နီးပါး နဲ့ လအားဖြင့် ၈ လလောက် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။






