ကနီမြို့တွင် မြေငလျင်လှုပ်
DVB
·
February 22, 2020

စစ်ကိုင်းတိုင်း ကနီမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၅၆ မိနစ်၊ ၁၃ စက္ကန့်အချိန်က ကန့်ဘလူမြေငလျင်စခန်းကနေ အနောက်တောင်ဘက် ၆၆ မိုင်ခန့်ကွာဝေးတဲ့ ကနီမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၄၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၈၆ ဒီဂရီ၊ အနက် ၁၁ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး(၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











