DVB Logo
Home
မြန်မာသတင်း
အရေးပေါ်ကယ်ဆယ်ရေးအတွက် အစိုးရပိုင် ရဟတ်ယာဉ်တစီး ဝယ်ယူထား
DVB
·
February 22, 2020
အရေးပေါ်ကယ်ဆယ်ရေးအတွက် အစိုးရပိုင် ရဟတ်ယာဉ်တစီး ဝယ်ယူထား
Donate to DVB

အရေးပေါ်အခြေအနေတွေ ဖြစ်လာပါက  ကူညီကယ်ဆယ်ရေးတွေ ချက်ချင်းလုပ်နိုင်ဖို့အတွက် အစိုးရပိုင် ရဟတ်ယာဉ်တစီး အီတလီနိုင်ငံကနေ ဝယ်ယူထားတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

အရပ်ဘက်ရဟတ်ယာဉ် မရှိတဲ့အတွက် အစိုးရအနေနဲ့ စစ်ဘက်ရဟတ်ယာဉ်တွေနဲ့ ကုမ္ပဏီအချို့က ရဟတ်ယာဉ်တွေကိုသာ ငှားရမ်းအသုံးပြုနေရတာပါ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ဘက်ရဟတ်ယာဉ်ကို အသုံးပြုပြီး ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပါဝင်တဲ့ ရဟတ်ယာဉ်ကို အေအေအဖွဲ့က စက်သေနတ်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အစိုးရအနေနဲ့ အရပ်ဘက်သုံး ရဟတ်ယာဉ်တစီးကို ဝယ်ယူထားပြီး သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အခါ အရေးပေါ်ကယ်ဆယ်ရေးတွေ ဆောင်ရွက်ရတဲ့ လူကယ်ပြန်ဝန်ကြီးဌာနအတွက် အဓိကရည်ရွယ်ပြီး ဝယ်ယူတာလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖော်ဝါါရီ ၂၁ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ ရဟတ်ယာဉ်တစီး ဝယ်ထားပြီးပြီ။ ဘယ်ကနေဝယ်လဲဆိုရင် အီတလီက လီယိုနာဒိုကုမ္ပဏီကနေ AW 139 ဆိုတဲ့ ရဟတ်ယာဉ်။ အဲ့ရဟတ်ယာဉ်က ကျနော်တို့ အီတလီလေတပ်မှာသုံးတယ်၊ ယူအေအီးလေတပ်မှာသုံးတယ်၊ အိုင်ယာလန် လေတပ်မှာသုံးတယ်။ အထူးသဖြင့် ဘယ်အတွက်လဲဆိုတော့ ဒေါက်တာဝင်းမြတ်အေးတို့ ဝန်ကြီးဌာနတွေ၊ သဘာဝဘေးအရ အရေးပေါ်အခြေအနေတွေဖြစ်လာတော့ ချက်ချင်း response လုပ်ရမယ့် ကိစ္စတွေကျရင် ရဟတ်ယာဉ်နဲ့ သွားရမယ်။ ကယ်တာ၊ ရွှေ့ထုတ်တာတွေ လုပ်ရမယ်။ အဲ့ဒီအတွက်လည်း လိုအပ်ချက်အရ လွှတ်တော်က ခွင့်ပြုထားပြီးဖြစ်တယ်။ ပြီးခဲ့တဲ့လကပဲ လူကယ်ပြန်က အရာရှိကြီးတွေ အီတလီမှာ သွားစစ်တယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ကာလတန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၁၄ သန်းလောက်ရှိတဲ့ AW 139 ရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဝယ်ယူလက်ခံတဲ့ လက်မှတ်ထိုးထားပြီးပြီလို့ဆိုပါတယ်။ 

ဒီရဟတ်ယာဉ်ကို အီတလီနိုင်ငံကနေ အစိတ်အပိုင်းတွေအလိုက် မလေးရှားနိုင်ငံကို သယ်ယူမှာဖြစ်ပြီး မလေးရှားနိုင်ငံမှာ တပ်ဆင်ပြီးမှ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

“ဧပြီလ နောက်ဆုံးပတ်လောက်တော့ ရောက်ဖို့မှန်းတယ်။ အဲဒီရဟတ်ယာဉ် ရောက်လာပြီးရင်တော့ စစ်ဘက်ရဟတ်ယာဉ်တွေ အသုံးပြုမှုက နည်းသွားဖို့ ရှိပါတယ်။ ပိုင်းလော့ အပါအဝင် ၁၅ ယောက် စီးလို့ရတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013