DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင်  တရုတ်နိုင်ငံသား ၉ ဦး နေရပ်ပြန်ခွင့်မရဘဲ ပိတ်မိနေ
DVB
·
February 21, 2020
ချောက်မြို့တွင်  တရုတ်နိုင်ငံသား ၉ ဦး နေရပ်ပြန်ခွင့်မရဘဲ ပိတ်မိနေ
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့မှာ ကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသားတွေထံ  တရုတ်နှစ်သစ်ကူး လာရောက်လည်ပတ်တဲ့ အမျိုးသမီးနဲ့ ကလေး ၉ ဦး တရုတ်ပြည်ပြန်ခွင့်မရဘဲ ပိတ်မိနေတယ်လို့ ကုမ္ပဏီတာဝန်ရှိသူထံက သိရပါတယ်။

ချောက်မြို့ အမှတ် ၁၅ နယ်မြေ တိုးချဲ့ရပ် Gold Petrol ရေနံကုမ္ပဏီမှ ရေနံတွင်းများဆိုင်ရာ သန်စင်ခြင်းလုပ်ငန်းအတွက် ထပ်ဆင့်ငှားရမ်းထားတဲ့ Beifang Whua Enegery ကုမ္ပဏီအဖွဲ့ နေထိုင်တဲ့ ဘိုခင်တည်းခိုခန်းမှာ ကုမ္ပဏီဝန်ထမ်း တရုတ်နိုင်ငံသားတွေထံ မိသားစုတွေက တရုတ်နှစ်သစ်ကူးရက် အလည်အပတ်ရောက်နေတာပါ။

အလည်အပတ်ရောက်နေတဲ့တရုတ်နိုင်ငံသား အမျိုးသမီးနဲ့ ကလေးငယ် ၉ ဦးမှာ နေရပ်ပြန်ဖို့ လေကြောင်းလိုင်းတွေ ပိတ်ထားတဲ့အတွက် ဧည့်သည်အဖြစ် အလုပ်သမား လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနကို တင်ပြနေထိုင်ကြတယ်လို့ သိရပါတယ်။

အဆိုပါကုမ္ပဏီမှ ဘိုခင်တည်းခိုခန်းကို နှစ်ချုပ်နဲ့ ငှားရမ်းထားတာဖြစ်ပြီး အဲဒီမှာ တရုတ်နိုင်ငံသား ဝန်ထမ်း ၁၁ ဦးနဲ့ မိသားစုဧည့်သည် ၉ ဦး ပေါင်း ၂၀ ဦးနေထိုင်ကာ ဧည့်သည်အဖြစ် နေထိုင်သူ မိသားစု ၉ ဦးမှာ ဗီဇာသက်တမ်း ရက်ပိုင်းကျော်လွန်နေတယ်လို့လည်း သိရပါတယ်။ 

အလုပ်သမား လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က “နှစ်နိုင်ငံ အကျိုးတူဆိုပြီး မြန်မာနိုင်ငံမှာလာပြီးတော့ ရေနံရှာဖွေရေး လုပ်ကြတာပေါ့။ ဒါတွေကိုလည်း အရမ်းခွင့်ပြုချက်မပေးဘူး တိုင်းဒေသကြီးအစိုးရကို ခွင့်ပြုချက် တောင်းရတယ်။ သူတို့နဲ့ပတ်သက်ပြီးလာတဲ့ မိသားစုဝင်တွေကိုလည်း ရောက်လာတယ်။ ကျနော်တို့က လဝက ဆိုတော့ လူဝင်လူထွက်စာရင်း ကိုင်တာဖြစ်လို့ ကျနော်တို့ဆီ သတင်းပို့တယ်။ သူတို့ဆီကလာတဲ့လူတွေကတော့ တရားဝန်ခွင့်ပြုချက်နဲ့လာတဲ့လူတွေ၊ ကျနော်တို့ကလည်း တိုင်း အစိုးရကို ဧည့်စာရင်းတွေတင်ပြထားပြီးသား။ ဗီဇာသက်တမ်းရက်ပိုင်းလွန် နေတဲ့အပေါ်မှာတော့ ချက်ချင်း အရေးယူလို့မရဘူး။ နှစ်နိုင်ငံကိစ္စတွေအများကြီးရှိတယ်။ ထွက်ပေါက်ကြမှ ဒီမှာလွန်ခဲ့တဲ့ ဒဏ်ကြေးဆောင်ပြီး ထွက်တာ”လို့ ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံသား ခရီးသွားတွေနဲ့ တရုတ်နိုင်ငံကို သွားရောက်မယ့် မြန်မာခရီးသွားတွေအတွက် ခရီးစဉ်တွေ ခဏရပ်ဆိုင်းထားဖို့ ခရီးသွားအကြံပြုချက်ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသို့ တရုတ်နှစ်သစ်ကူးခွင့်ပြန်ပြီး ချောက်မြို့ကို ပြန်လည်ရောက်ရှိသူ တရုတ်နိုင်ငံသား Gold Petrol ကုမ္ပဏီ လက်အောက် စပ်ကုမ္ပဏီငယ်တွေက ဝန်ထမ်း (၈) ဦးကို သီးသန့်ထား စောင့်ကြည့်နေဆဲဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးနဲ့ ကလေး ၉ ဦးကိုတော့ ကျန်းမာရေးစောင့်ကြည့်ခြင်းမရှိခဲ့တာကြောင့် ဒေသခံတွေက ကျန်းမာရေးအတွက် စိုးရိမ်မှုရှိနေကြပါတယ်။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013