DVB Logo
Home
မြန်မာသတင်း
အသက်တစ်ချောင်းအတွက် အကြိမ်ကြိမ်ထွက်ပြေးနေရသည့် ရသေ့တောင်က စစ်ရှောင်တွေ
DVB
·
February 21, 2020
အသက်တစ်ချောင်းအတွက် အကြိမ်ကြိမ်ထွက်ပြေးနေရသည့် ရသေ့တောင်က စစ်ရှောင်တွေ
1 / 8
Donate to DVB

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက စစ်ဘေးရှောင်တွေက ဘူးသီးတောင်မြို့နယ် သေကံခွဆုံသို့ ထွက်ပြေးနေကြရာကနေ စစ်တွေမြို့သို့ ဖေဖော်ဝါရီလ ၂၀ ရက် ဒီနေ့ညနေကထပ်မံထွက်ပြေး လာကြရပါတယ်။

သူတို့ဟာ ကျေးရွာအနီးတိုက်ပွဲတွေကြောင့် နီးစပ်ရာ ဘူးသီးတောင်မြို့နယ်ဖက်သို့ ထွက်ပြေး နေခဲ့ကြပေမယ့် အဲဒီကျေးရွာမှာ စစ်ဘေးရှောင်တစ်ထောင်ကျော်ထိ များပြားလာသလို စားဝတ်နေရေးနဲ့ကျေးရွာအနီးအနားမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပေါ်လာတာမို့ ဒုတိယအကြိမ်အဖြစ် ပြည်နယ်မြို့တော်သို့ အောင်တံခွန်သင်္ဘောနဲ့ထွက်ပြေးလာကြတာဖြစ်ပါတယ်။

နို့စို့အရွယ်လသားကလေးတွေကနေ သက်ကြီးရွယ်အိုတွေအထိပါဝင်တဲ့ မိသားစု ၁၀ စု လူဦးရေ ၅၀ နီးပါးဟာ စစ်တွေမြို့ပေါ် ဓညဝတီ ရပ်ကွက်က နန်းရွှေဂူကျောင်းတိုက်သို့ ရောက်ရှိနေ ကြပြီး နောက်ထပ်လာမယ့်သူတွေလည်း အများအပြားရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း ၂၀ ကျော်မှာဒုက္ခသည် ၄၀၀၀၀ နီးပါး ဖြစ်လာတာမို့ နေစရာကအစ သောက်သုံးရေအထိ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတာမို့ ဒီကိုထွက်ပြေးလာကြ တာဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်မင်းခိုင် က ဆိုပါတယ်။

ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုတင်မောင်ဝင်းကတော့ သင်္ဘောဆိပ်ကနေစောင့်ကြိုပြီး စခန်းချရာကျောင်းထိ လိုက်လံပို့ဆောင်ကာ လိုအပ်ချက်တချို့ကို ကူညီပေးခဲ့ပေမယ် အစိုးရနဲ့နိုင်ငံတကာ အကူအညီတွေအများကြီး လိုအပ်နေပါတယ်။ 

Photo - Kaung Mrat Naing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013