DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဒေသဖွံ့ဖြိုးရေးအတွက် ၁ မြို့နယ်လျှင် ကျပ် သိန်း ၁၂၀၀ သုံးစွဲခွင့်ရမည်
DVB
·
February 20, 2020
ဧရာဝတီတိုင်းတွင် ဒေသဖွံ့ဖြိုးရေးအတွက် ၁ မြို့နယ်လျှင် ကျပ် သိန်း ၁၂၀၀ သုံးစွဲခွင့်ရမည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာအသုံးပြုဖို့ မြို့နယ်တမြို့နယ်ကို ငွေကျပ်သိန်း ၁၂၀၀ ရရှိမှာဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရပါတယ်။

အရင်အစိုးရလက်ထက်က ဒေသဖွံ့ဖြိုးရေးရံပုံငွေဆိုပြီး ယူထားတဲ့ငွေတွေထဲက ပြန်ရတဲ့ငွေ ကျပ် ၄ ဒသမ ၇ ဘီလီယံကျော်ကို  တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် တမြို့နယ်ကို ကျပ်သိန်း ၁၂၀၀ ချထားပေးမှာဖြစ်ပါတယ်။

ဒါကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်  တိုင်းဒေသကြီး လွှတ်တော်အမတ် တဦးကို ငွေကျပ်သိန်း ၆၀၀ ရရှိမှာဖြစ်တယ်လို့  တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူထွေးက ပြောပါတယ်။

"မဲဆန္ဒနယ်တစ်ခုကို ကျပ်သိန်းပေါင်း ၆၀၀ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်၊ အဲ့လို ဆောင်ရွက်တဲ့အခါမှာလည်း လွှတ်တော်ကိုယ်စားလှယ်များနဲ့ အစိုးရအဖွဲ့ ညှိနှိုင်းဆုံးဖြတ်ထားတဲ့အတိုင်း မြို့နယ်တခုကို လုပ်ငန်း ၄ ခု ရေးဆွဲပြီးတော့ ဒေသမှာ ထင်သာမြင်သာပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိဆုံးနဲ့ အထိရောက်ဆုံး လုပ်ငန်းတွေကို ရွေးပြီးဆောင်ရွက်ပေးဖို့ ပြောထားပြီးလည်း ဖြစ်ပါတယ်"

တိုင်းဒေသကြီးလွှတ်တော်အမတ်တွေ တင်ပြလာတဲ့ သိန်းပေါင်း ၆၀၀ ရှိတဲ့ လုပ်ငန်းတွေကို ပြန်လည်တင်ပြလာတဲ့အခါ တိုင်းဒေသကြီးငွေစာရင်းကော်မတီက ပြန်လည်စိစစ်တာတွေ ပြန် လုပ်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကတဆင့် ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်ကို သုံးစွဲခွင့်ပြုဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် မူလခွင့်ပြုထားသော ရန်ပုံငွေနဲ့ မလုံလောက်တာကြောင့် ဖြည့်စွက်ခွင့်ပြုငွ ခွင့်ပြုပေးဖို့ လွှတ်တော်ကို အစီရင်ခံတင်ပြလာတာကို ဖေဖော်ဝါရီ ၁၈ ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီက စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေကို တင်ပြခဲ့ပါတယ်။

ကော်မတီဥက္ကဋ္ဌ ဦးအောင်သူထွေးက ကော်မတီအနေနဲ့ သာမန်အသုံးစရိတ် ကျပ် (၂၂၉၆.၇၈၉)သန်းနဲ့ မူလငွေလုံးငွေရင်း ကျပ် (၁၅၀၈၆.၆၅၂)သန်းနဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၄၄၇၇.၃၄၉)သန်း နှစ်ရပ်ပေါင်း ကျပ် (၁၉၅၆၄.၀၀၁)သန်းဖြစ်တာ ကြောင့် စုစုပေါင်းဖြည့်စွက် ခွင့်ပြုတောင်းခံငွေ ကျပ် (၂၁၈၆၀.၇၉၀)သန်းဖြစ်ကြောင်း စိစစ် တွေ့ရှိတယ်လို့ လွှတ်တော်မှာ တင်ပြခဲ့တာပါ။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013