DVB Logo
Home
မြန်မာသတင်း
တိုင်ရီစက်ရုံအလုပ်သမားများ ရန်ကုန်ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် စောင့်ဆိုင်းနေ
DVB
·
February 20, 2020
တိုင်ရီစက်ရုံအလုပ်သမားများ ရန်ကုန်ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် စောင့်ဆိုင်းနေ
1 / 4
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၃ ရှိ တိုင်ရီစက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခွင့်ရဖို့ ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀နာရီကတည်းက ရန်ကုန်တိုင်း အစိုးရရုံးရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။

ဖြစ်သင့်တဲ့ အလုပ်သမားအခွင့်‌အရေးတွေ ဖြည့်ဆည်းပေးဖို့ ဝန်ကြီးချုပ်ကို တွေ့ဆုံပြီး တောင်းဆိုမယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

ဒါပေမယ့် အချိန် ၁၃ နာရီကျော်စောင့်ဆိုင်းပြီးတဲ့နောက်မှာ တွေ့ခွင့်မရတဲ့အတွက်  ကြွေးကြော်သံတွေအော်ပြီး ဆန္ဒထုတ်ဖော်တဲ့အသွင်ကို ပြောင်းလာပါတယ်။

အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း အခွင့်အရေးတွေ ဖြည့်ဆည်းပေးဖို့နဲ့ လုံလောက်မယ့် အနိမ့်ဆုံးလုပ်ခလစာ ပြင်ဆင်သတ်မှတ်ပေးရေးကို အလုပ်သမားတွေက ကြွေးကြော်နေ ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013