
နယူးဇီလန်နိုင်ငံ အလယ်ပိုင်းမှာ ဇွန် ၂၆ ရက်က အားပြင်းမုန်တိုင်းတခု တိုက်ခတ်ခဲ့လို့ သစ်ပင်တွေ လဲကျ၊ အိမ်ခြေထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ပြီး မြို့တော် ဝယ်လင်တန်မှာ လေကြောင်းလိုင်းတွေပါ အကုန်ရပ်ဆိုင်းသွားခဲ့ပါတယ်။
လေဖိအားနည်းရပ်ဝန်းတခုဟာ နိုင်ငံတဝန်းကို ဖြတ်သန်းသွားတာကြောင့် နယူးဇီလန် အမျိုးသား မိုးလေဝသဌာန (MetService) က ဆိုးရွားတဲ့ မိုးလေဝသသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတွေ တိုက်ခတ်ခဲ့လို့ ဝယ်လင်တန်မြို့ကို အဝင်အထွက်လုပ်မဲ့ လေကြောင်း ခရီးစဉ်ပေါင်း ၂၀၀ ကို ဖျက်သိမ်းခဲ့ရတယ်လို့ မြို့တော်လေဆိပ်က ပြောပါတယ်။
ဝယ်လင်တန် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ကတော့ ဝန်ထမ်းတွေဟာ သုံးစွဲသူ ၃,၀၀၀ လောက်ကို မီးပြန်ပေးနိုင်ခဲ့ပေမဲ့ နောက်ထပ် သုံးစွဲသူ ၄,၀၀၀ ကတော့ အခုထိ မီးပြတ်နေတုန်းပဲလို့ ပြောပါတယ်။
Source: Reuters










