DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီးစီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် စက်သေနတ်ဖြင့် အပစ်ခတ်ခံရ
DVB
·
February 19, 2020
ပြည်ထောင်စုဝန်ကြီးစီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် စက်သေနတ်ဖြင့် အပစ်ခတ်ခံရ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါတဲ့ ရဟတ်ယာဉ်ကို ဒီကနေ့ မနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာနားမှာ စက်သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ပြည်နယ်အစိုးရဝန်ကြီး တဦးက ဒီဗွီဘီကို  အတည်ပြုပြောပါတယ်။

စစ်တွေကနေ ဒီကနေ့ မနက်ပိုင်းက ဘူးသီးတောင်ကို ပျံသန်းလာတဲ့အချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး အခုလို ပစ်ခတ်ခံရမှုကြောင့် ဝန်ကြီးတွေနဲ့ လိုက်ပါလာတဲ့ တာဝန်ရှိသူတွေ တစုံတရာ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့်  ရဟတ်ယာဉ် ပျက်စီးမှုတချို့ ရှိခဲ့တယ်လို့ ပြည်နယ်အစိုးရဝန်ကြီးတဦးက ပြောပါတယ်။

“ဖြစ်စဉ်ကမှန်တယ်။ အဲ့ဒီမှာ စက်သေနတ်တွေနဲ့ ပစ်တယ်။ အချက်ပေါင်းများစွာပစ်တယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတာ တဦးတယောက်မှလည်း မရှိဘူး။ အခု ဝန်ကြီးချုပ် ဦးညီပုလည်း ပြန်ရောက်နေပြီ။ ဒေါက်တာဝင်းမြတ်အေးကတော့ ရန်ကုန် ပြန်သွားပြီလေယာဉ်နဲ့” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးတို့ဟာ ဘူးသီးတောင်မှာရှိတဲ့ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို သွားရောက်တွေ့ဆုံတဲ့ခရီးစဉ်မှာ အခုလို ပစ်ခတ်ခံရ တာဖြစ်ပါတယ်။ 

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက“စစ်တွေကနေဘူးသီးတောင်အသွားမှာ မနက် ၁၀ နာရီ ၄၅ မှာဖြစ်တာပါ။  ၂ ချက် အပစ်ခံရတာပါ။ စိုးရိမ်မှုမရှိဘူး။ ထိခိုက်မှုမရှိဘူး။ ရဟတ်ယာဉ်က စစ်တွေကို ညနေ ၃ နာရီ မှာပြန်ရောက်တယ်။  ဒေါက်တာဝင်းမြတ်အေးက ဘူးသီးတောင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့သွားတာ၊ သွားတိုင်း စစ်ရဟတ်ယာဉ်နဲ့ပဲ သွားနေကြပါ။”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်ခဲ့သူတွေဟာဘယ်အဖွဲ့ကလဲဆိုတာမသိရသေးပေမယ့် အခုဖြစ်ခဲ့တဲ့နေရာက ဖေဖော်ဝါရီ ၁၈ ရက်နေ့က တပ်မတော်နဲ့ အေအေအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ တာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

သတင်း- ဝဏ္ဏခွာညို- အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013