DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တပ်များ ဥရောပတွင် ဆက်ရှိစေချင်ဟု လစ်သူယေးနီးယားသမ္မတပြော 
DVB
·
May 8, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂျာမနီနိုင်ငံကနေ ထွက်သွားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ဥရောပမှာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ်နော်ဆီဒါက မေ ၆ ရက်မှာ ပြောပါတယ်။

ဥရောပလုံခြုံရေးက ခွဲခြားလို့မရတဲ့ အဓိကမူဖြစ်တယ်လို့ နော်ဆီဒါက လစ်သူယေးနီးယား-ပိုလန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ပြောပါတယ်။

ဒဏ္ဍာရီလာ ခြင်္သေ့ပျံ "Brave Griffin 26/II” လို့ နာမည်ပေးထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လစ်သူယေးနီးယားနဲ့ ပိုလန်သမ္မတတွေက ရုရှားနဲ့ ဘယ်လာရုစ် ၂ နိုင်ငံကြား NATO ရဲ့ မဟာဗျူဟာအရ အရေးပါတဲ့ ဆူဝါကီဂတ်မြို့နားမှာ ကြည့်ရှုခဲ့ကြပါတယ်။

စစ်ရေးလေ့ကျင့်ရာမှာ ပြန်လည်တပ်ဖြန့်ချထားရေး နည်းဗျူဟာတွေ၊ ထောက်လှမ်းရေး လှုပ်ရှားမှုတွေ၊ ကာကွယ်ရေး စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်ရေးပံ့ပိုးမှုလုပ်ငန်းတွေကို သရုပ်ပြတာတွေ ပါဝင်ခဲ့ပါတယ်။

နော်ဆီဒါက “လစ်သူယေးနီးယားနိုင်ငံထဲမှာ ကျနော်တို့ဟာ လက်ခံနိုင်သမျှ မဟာမိတ်တွေကို လက်ခံဖို့ အသင့်ရှိနေပြီး အဲဒီရည်ရွယ်ချက်အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံအားလုံးကို ကျနော်တို့ တပ်ဆင်နေပါတယ်” လို့ ပြောပါတယ်။

လစ်သူယေးနီးယားဟာ လက်ရှိမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ကို လက်ခံထားပြီး ၂၀၂၇ ခုနှစ်ကုန်ပိုင်းမှာ တပ်ဖွဲ့ဝင် ၅,၀၀၀ ပါတဲ့ ဂျာမန်တပ်မဟာကို အပြည့်အဝ တပ်ချထားဖို့ စောင့်ဆိုင်းနေပါတယ်။

ပိုလန်သမ္မတ ကာရိုလ်နော်ရော့ကီက လစ်သူယေးနီးယားရဲ့ ရပ်တည်ချက်ကို ပဲ့တင်ထပ်ရင်း ပိုလန်ကလည်း အမေရိကန်စစ်သားတွေကို ဂျာမနီကနေ ရွှေ့လာရင် လက်ခံဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်စစ်ပွဲနဲ့ အခွန်ကောက်ခံမှုတွေကြောင့် တင်းမာမှုတွေကြားမှာ သူ့ရဲ့ အကြီးဆုံး ဥရောပအခြေစိုက်စခန်းဖြစ်တဲ့ ဂျာမနီကနေ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ရုပ်သိမ်းမဲ့အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။

ဆုံးဖြတ်ချက် တစိတ်တပိုင်းအနေနဲ့ ဂျာမနီကို တာဝေးပစ် တိုမာဟော့ခ်ဒုံးကျည်တွေ ပါတဲ့ အမေရိကန်တပ်ရင်း တရင်းကို တပ်ချထားဖို့ သမ္မတဘိုင်ဒင်ခေတ်က အစီအစဉ်ကိုပါ ရုပ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013