DVB Logo
Home
မြန်မာသတင်း
ပြည်သူအားကိုးရသည့်တပ်ဖြစ်အောင် ကြိုးပမ်းရန် ကာချုပ် တိုက်တွန်း
DVB
·
February 19, 2020
ပြည်သူအားကိုးရသည့်တပ်ဖြစ်အောင် ကြိုးပမ်းရန် ကာချုပ် တိုက်တွန်း
Donate to DVB

တိုင်းပြည်က အားထားရပြီး ပြည်သူကအားကိုးရတဲ့ တပ်ဖြစ်စေဖို့နဲ့ ပြည်သူနဲ့ တသားတည်း ဖြစ်အောင်  ကြိုးစားလုပ်ဆောင်သွားကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အရာရှိ တပ်မှူးတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေကို ဖေဖော်ဝါရီ  ၁၇ရက်က တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသွားတာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာမှာ တိုက်စွမ်းရည်၊ တိုက်စွမ်းအားတွေ မြင့်မားပြီး သမားရိုးကျစစ်ဆင်ရေးအတွက် အမြဲအသင့်ရှိနေဖို့၊ တပ်ရဲ့ တိုက်စွမ်းရည်မြင့်မားလာစေရေးအတွက် သင်တန်းက သင်ကြားပို့ချပေးလိုက်တာကို လက်တွေ့ အသုံးချဆောင်ရွက်ဖို့၊ တပ်တွင်းစည်းလုံးညီညွတ်မှုတည်ဆောက်ဖို့၊  စာပေဖတ်ရှု လေ့လာဖို့။ တပ်မှူးတွေဟာ မိမိအဆင့်နဲ့ လိုက်လျောညီထွေတဲ့ သွားလာ၊ နေထိုင်၊ စားသောက်ပြီး စည်းကမ်းနဲ့ညီညွတ်တဲ့ အပြုအမှုတွေရှိဖို့ စတာတွေ ထည့်သွင်း ပြောသွားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့  ပြောကြားရာမှာလည်း ကာကွယ်ရေးဦးစီးချုပ်က ဖက်ဒရယ်ဆိုတာ ပေါင်းစည်း နေထိုင်ခြင်း (Living Together) နဲ့  ဒီမိုကရေစီဆိုတာ စည်းကမ်းစနစ်တကျ လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်ရဲ့ကြိုးပမ်းဆောင်ရွက်နေမှုတွေနဲ့ တိုင်းရင်းသားအရေးအတွက် တပ်မတော်က စည်းလုံးညီညွတ် ရေးကို အခြေခံကာ အမြဲအလေးထား ဆောင်ရွက်နေမှုတို့ကို တိုင်းရင်းသား ပြည်သူလူထု သိရှိနားလည်သဘောပေါက်စေရန် ဆောင်ရွက်ရမယ်လို့လည်း တပ်မတော် အကြီးအကဲက တပ်မှူးတွေကိုမှာကြားသွားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ စစ်ဦးစီး တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြ အရာရှိကြီးတွေနဲ့ သင်တန်းသားအရာရှိကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013