DVB Logo
Home
မြန်မာသတင်း
ပုသိမ်တံတားသစ် ၇၀ ရာခိုင်နှုန်းပြီးစီး၊ စက်တင်ဘာလအတွင်း အပြီးတည်ဆောက်မည်
DVB
·
February 19, 2020
ပုသိမ်တံတားသစ် ၇၀ ရာခိုင်နှုန်းပြီးစီး၊ စက်တင်ဘာလအတွင်း အပြီးတည်ဆောက်မည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှာ ငဝန်မြစ်ကိုဖြတ်ပြီး တည်ဆောက်နေတဲ့ ပုသိမ်တံတား အမှတ် ၂ တံတားတည်ဆောက်နေမှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ ဧရာဝတီတိုင်း လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလမှာစတင်ဆောက်လုပ်ခဲ့တဲ့ ပုသိမ်တံတား အမှတ် ၂ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၁၆ က တာဝန်ယူတည် ဆောက်နေတာဖြစ်ပြီး စက်တင်ဘာလမကုန်မီ အပြီးတည်ဆောက်ဖို့ ရည်မှန်းထာတာပါ။

"ပုသိမ်မြစ်ကူးတံတားဆည်ဆောက်မှုက ၇၀ ရာနှုန်းလောက် ပြီးနေပါပြီလို့ ပြောလို့ရပါတယ်။ ဒီ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ ပြီးအောင်ကြိုးစားပြီးလုပ်နေပါတယ်"လို့ ဧရာဝတီတိုင်း လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီ ကိုပြောပါတယ်။

တည်ဆောက်နေတဲ့ပုသိမ်တံတား အမျိုးအစားဟာ သံမဏိသံပေါင်ခုံးတံတားဖြစ်ကာ ခန့်မှန်းတန်ဖိုး ၂၈ ဒသမ ၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်နေတာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်တံတား အမှတ် ၂ ဟာ အရှည်ပေ ၂၃၈၀ ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိကာ လူသွားလမ်းတဘက်မှာ ၅ ပေပါဝင်မှာဖြစ်ပြီး မြစ်နဲ့ တံတား ရေလမ်းကင်းလွတ်အကျယ် ၄၁၆ ပေနဲ့ အမြင့်ပေ ၆၀ ပါရှိမှာပါဖြစ်ပါတယ်။

တံတားတည်ဆောက်မှုပြီးစီးသွားပါက ပုသိမ်မြို့မှတဆင့် ပုသိမ်တံတား အမှတ် ၂ ကို ဖြတ်သန်းပြီး ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေတွေအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ကို ကမ်းခြေပတ်လမ်းတွေက တဆင့်သွားလာနိုင်မှာပါ။

လက်ရှိပုသိမ်ကြိုးတံတားဟောင်းမှာ ခံနိုင်ဝန်လျော့ကျနေပြီဖြစ်လို့ တန် ၂၀ နဲ့ တန် ၂၀ အောက် ယာဉ်တွေကိုသာ ဖြတ်သန်းသွားလာခွင့်ပြုထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက ပုသိမ်တံတား အမှတ် ၂ တည်ဆောက်နေမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲတွေလာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းစေဖို့နဲ့ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်ဖို့ မှာကြား သွားပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013