
UEFA ဟာ အသေးအဖွဲ့ကိစ္စတွေအထိ VAR ဝင်ရောက်စွက်ဖက်နေမှုကို လျှော့ချဖို့ ဥရောပ ထိပ်သီးလိဂ် ၅ ခုကို နွေရာသီမှာ တွေ့ဆုံဆွေးနွေးဖို့ ခေါ်ယူလိုက်ပါတယ်။
VAR ကို "သိသာထင်ရှားတဲ့အမှား"မျိုးမှာပဲ အသုံးပြုဖို့နဲ့ လိဂ်အသီးသီးမှာ စည်းမျဉ်းအနက် ဖွင့်ဆိုချက်တွေ တပြေးညီဖြစ်စေဖို့ ရည်ရွယ်တာပါ။
လက်ရှိမှာ လိဂ်တခုနဲ့တခု VAR အသုံးပြုပုံတွေ ကွဲပြားနေပြီး ပရီးမီးယာလိဂ်ဟာ VAR ကြားဝင်မှုနှုန်း အနည်းဆုံးဖြစ်ပေမဲ့ အငြင်းပွားမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။
UEFA အနေနဲ့ လက်သီးနဲ့ထိတဲ့ (Handball) စည်းမျဉ်းလိုမျိုး အဆုံးအဖြတ်တွေကို ဥရောပတဝန်း တပြေးညီဖြစ်စေဖို့ ရည်ရွယ်ထားတာပါ။
ဒီအစည်းအဝေးကနေတဆင့် VAR ကို ပိုမိုရှင်းလင်းပြီး ဘောလုံးပွဲရဲ့သဘာဝကို မထိခိုက်စေတဲ့ ပုံစံမျိုးဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။
Photo: Reuters











