DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံတွင် မြန်မာလူငယ် ၁ ဦးအသတ်ခံရမှု ၂၄ နာရီအတွင်း သံသယရှိသူကိုဖမ်းမိ
DVB
·
February 18, 2020
ဂျပန်နိုင်ငံတွင် မြန်မာလူငယ် ၁ ဦးအသတ်ခံရမှု ၂၄ နာရီအတွင်း သံသယရှိသူကိုဖမ်းမိ
1 / 2
Donate to DVB

ဂျပန်နိုင်ငံမှာ အလုပ်သင်နည်းပညာသင်တန်းသား အသက် ၂၅ နှစ်အရွယ် မြန်မာလူငယ် ၁ ဦး ပြီးခဲ့တဲ့ရက်ပိုင်းက အသတ်ခံခဲ့ရပြီး သူနဲ့အတူနေတဲ့ သံသယရှိ မြန်မာနိုင်ငံသား တဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ 

အလုပ်သင်နည်းပညာသင်တန်းသား မောင်ရဲထက်ဇော်ကို ဂျပန်နိုင်ငံ၊ မီအဲခရိုင်၊  ယိုခအိချိမြို့၊ တိုမိုဒရပ်ကွက်က ဆေးသုတ်ကုမ္ပဏီအဆောင်မှာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၇နာရီခွဲလောက်က နောက်ကျောမှာထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ခဲ့ပြီး ဂျပန်ရဲတပ်ဖွဲ့က အတူနေ ပျောက်ဆုံးနေသူကို လူသတ်မှု သံသယနဲ့ ဖမ်းဝရမ်းထုတ် လိုက်လံရှာဖွေရာ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၂ နာရီကျော်က တွေ့ရှိဖမ်းဆီးမိတာပါ၊၊

သံသယရှိသူ မြန်မာနိုင်ငံသားနဲ့ သေဆုံးသူတို့ဟာ ဆေးသုတ်ကုမ္ပဏီအဆောင်မှာ နည်းပညာအလုပ်သင် သင်တန်းသားအဖြစ် အတူနေထိုင်တာဖြစ်ပြီး အလုပ်အတူလုပ်သူ ဂျပန်လူမျိုးက အလုပ်မလာလို့ သွားရောက်ကြည့်ရှုရာမှာ မောင်ရဲထက်ဇော်ကို ထမင်းစားခန်းထဲမှာ နောက်ကျော ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်၊။

မီအဲခရိုင် ရဲတပ်ဖွဲ့က သံသယရှိသူ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားဟာ ဓားကိုင် ထွက်ပြေးနေတယ်လို့ ယူဆပြီး ဂျပန်တနိုင်လုံး ဓာတ်ပုံဖြန့် လိုက်လံရှာဖွေရာ ဆေးသုတ်ကုမ္ပဏီရှေ့မှာ မနက် ၁၂ နာရီကျော်လောက်က တယောက်တည်း ရပ်နေတာကို တွေ့ရှိပြီး ဖမ်းဆီးရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီခွဲက အခင်းဖြစ်ပွားခဲ့တယ်လို့ ယူဆရကြောင်း မီအဲခရိုင် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရပြီး ဖြစ်ပွားပုံ အသေးစိတ်ကိုတော့ မထုတ်ပြန်ထားပါဘူး။

သေဆုံးသူဟာပဲခူးတိုင်းကဖြစ်ပြီး ၂၀၁၉ ဒီဇင်ဘာက အလုပ်သင် နည်းပညာသင်တန်းသားအဖြစ် ဂျပန်ကို ရောက်ရှိလာတာပါ။

လက်ရှိ ဂျပန်နိုင်ငံမှာ ဆောက်လုပ်ရေးငန်း အပါအဝင် လုပ်ငန်းအမျိုးအစား ၁၄ ခုမှာ အလုပ်သင် နည်းပညာသင်တန်းသားအဖြစ် မြန်မာနိုင်ငံသား ၂၀၀၀၀ နီးပါး ရောက်ရှိနေပါတယ်။

သတင်း- ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013