DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို UPDJC အစည်းအဝေးတွင် ပြန်လည်ပြင်ဆင် အတည်ပြုမည်
DVB
·
February 17, 2020
နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို UPDJC အစည်းအဝေးတွင် ပြန်လည်ပြင်ဆင် အတည်ပြုမည်
Donate to DVB

လာမယ့် UPDJCအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်ပြင်ဆင် အတည်ပြုသွားမယ်လို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဧပြီလအတွင်း ကျင်းပဖို့နဲ့ နှစ်လအတွင်း UPDJC အစည်းအဝေးနဲ့ JMC အစည်းအဝေးတွေ ကျင်းပဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပတဲ့ JICM အစည်းအဝေးက ဆုံးဖြတ်ထားတာပါ။

ဒါကြောင့် အဲဒီအစည်းအဝေးတွေကို အမြန်ဆုံးကျင်းပနိုင်ရေးဆွေးနွေးကြဖို့ကို NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက  ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပတဲ့ အစိုးရနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်း အစည်းအဝေးမှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ 

အဲဒီလို နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြောင်းလဲရေးဆိုင်ရာ အစည်းအဝေးတွေမှာ NCAလက်မှတ်ထိုးအဖွဲ့တွေအပြင် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါ ပါဝင်နိုင်ရေးအတွက် အခုအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားမယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း  RCSS/SSA အဖွဲ့က ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)အစည်းအဝေးကိုတော့ လာမယ့် မတ်လ ဒုတိယပတ်အတွင်းကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားပါတယ်။

အစိုးရနဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ရက်ထိ ကျင်းပမှာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စတွေ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်းကိစ္စတွေနဲ့ ကြားကာလအတွင်း ဆောင်ရွက်ရမယ့် ကိစ္စတွေကို ဆွေးနွေးနေကြပါတယ်။

ထက်ဝေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013