Home
မြန်မာသတင်း
ကူညီကမ်းလင့်မည့်လက်များကို မျှော်လင့်နေကြသည့် စစ်ဘေးရှောင် မြိုတိုင်းရင်သားများ
DVB
·
February 17, 2020
DSC_0322
DSC_0286
DSC_0268
DSC_0256
DSC_0187
DSC_0171
DSC_0139
DSC_0129
DSC_0127
DSC_0112
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေး စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေတာမို့ ကူညီပေးလာမယ့်သူတွေကိုသာ မျှော်လင့်နေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အဲဒီစခန်းမှာ အိမ်ထောင်စု ၁၅၇ စု၊ လူဦးရေ ၇၅၀ ကျော် နေထိုင်နေပြီး သူတို့ဟာ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကတည်းက ထွက်ပြေးလာခဲ့ကြတဲ့ မြိုတိုင်းရင်းသားစစ်ဘေး ရှောင်တွေနဲ့ဒိုင်းနက်တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ သူတို့ကို အစိုးရက ကူညီထောက်ပံ့ပေးတာ အနည်းငယ်သာရှိသေးပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ အားကိုးရပ်တည်နေခဲ့ကြရပေမယ့် ခုတော့လာရောက်ကူညီပေးတာတွေက  မရှိသလောက် နည်းပါးသွားတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ကိုယ်ပိုင်ဝင်ငွေရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေမရှိသလို ဟင်းရှာ ထင်းခုတ်ဖို့အတွက် တောတောင်တွေဘက်သွားရင်လည်း မြန်မာတပ်မတော်က တားဆီးပိတ်ပင်တာတွေရှိပြီး မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ထိတ်လန့်နေရတာမို့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့  စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ က္ခိုင့်တပ်တော် (အေအေ) တို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် တသိန်းကျော်အထိရှိလာပြီး စစ်ဘေးရှောင် အများစု စားဝတ်နေရေး၊ ကျန်းမာရေးအပါအဝင် အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ Photo - Kaung Mrat Naing / MPA 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024