DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် လက်နက်များဖမ်းမိ
DVB
·
February 17, 2020
ကလေးမြို့တွင် လက်နက်များဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ် သဇင်ရပ်ကွက်က နေအိမ်တအိမ်မှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။

သေနတ်အရှည် ၂ လက်နဲ့ အတို ၃ လက် စုစုပေါင်း လက်နက် ၅ လက်ကို ကျည်ကတ်အိမ်တွေနဲ့အတူဖမ်းမိခဲ့တာလို့ ကလေးမြို့မရဲစခန်း တာဝန်ရှိအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်နက်နဲ့ မူးယစ်ဆေးတွေကို ပထမ တကြိမ်ဖမ်းဆီးခဲ့ပြီးနောက် ထပ်မံပြီး ကွင်းဆက် နေအိမ်ကို သက်သေတွေနဲ့အတူ ကလေးခရိုင်ရဲတပ်ဖွဲ့တွေနဲ့ နယ်ထိန်းရဲတပ်ဖွဲ့တွေက ၀င်ရောက်ရှာဖွေရာကနေ လက်နက်တွေ ထပ်မံတွေ့ရှိခဲ့တာပါ။

ကလေးမြို့မရဲစခန်း တာဝန်ရှိအရာရှိတဦးက “ကျနော်တို့အနေနဲ့ ပထမဖမ်းဆီးမှုကနေ ကွင်းဆက်လိုက်တဲ့အခါ နေအိမ်မှာ တရားခံကို အသင့်တွေ့တယ်။ လက်နက်တွေကိုတော့ အခန်းကြမ်းပြင်မှာ အံဝှက်နဲ့ သိမ်းထားတာ တွေ့တာနဲ့ လူရော လက်နက်တွေပါ သိမ်းဆည်းပြီး စခန်းကနေ တဆင့် တရားဆွဲဆိုနိုင်ဖို့ ကလေးမြို့ မြို့မ စခန်းမှူးကိုယ်တိုင် အမှုဖွင့် စစ်ဆေးနေတယ်”လို့ ပြောပါတယ်။

လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရသူဟာ ကလေးမြို့ သဇင်ရပ်ကွက်မှာနေတဲ့ ဦးဝုန်းဂေါ့ကျင် ဖြစ်ပြီး သူ့ကို ရာဇသတ်ကြီး ပုဒ်မ (ပ)၃၄၇/၂၀၂၀၊ လက်နက် ပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့် စစ်ဆေးထိန်းသိမ်းထားပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ညကလည်း ကလေးမြို့နေ ဦးကမ်ဆွင်းမွောင်နေအိမ်မှာ အမေရိကန်ထုတ်  Colt Ar015 (Glr 16-s) အမျိူးအစား သေနတ်အရှည်တလက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀၀ ပြားနဲ့ ဘိန်းဖြူဆပ်ပြာခွက် ၈ ခွက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်း- မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013