DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာ ၂၈ ဦး ရောဂါပိုးမတွေ့၊ ၅ ဦးကို စစ်ဆေးဆဲ
DVB
·
February 17, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာ ၂၈ ဦး ရောဂါပိုးမတွေ့၊ ၅ ဦးကို စစ်ဆေးဆဲ
Donate to DVB

ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာ ၂၈ဦးရဲ့ ဆေးစစ်ချက်မှာ ရောဂါပိုး မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၁၆ ရက်နေ့ ည ၈ နာရီက ထုတ်ပြန်ထားပါတယ်။ 

ကျန်လူနာ ၅ ဦးရဲ့ ဆေးစစ်ချက်တွေကိုတော့ မရရှိသေးပါဘူး။ ကျန်တဲ့ သံသယလူနာ ၃ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကိုတော့ ပေးပို့ဖို့ စီစဉ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရှိ၊ မရှိကို မြန်မာနိုင်ငံမှာ စစ်ဆေးနိုင်ပြီဖြစ်ပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့  ရည်ညွှန်းဓာတ်ခွဲခန်းအဖြေတွေနဲ့ ကိုက်ညီတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဟာ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဆီက ဓာတ်ခွဲပစ္စည်းတွေကို လက်ခံရရှိထားပြီး လက်ရှိမှာ လူနာတွေဆီက ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းနဲ့ တပြိုင်နက် စစ်ဆေး နေတယ်လို့ ဆိုပါတယ်။

မန္တလေး၊ လားရှိုး၊ တောင်သာနဲ့ မြစ်သားမြို့နယ်ဆေးရုံတို့က လူနာ ၅ ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို ပေးပို့စစ်ဆေးနေပေမယ့် အဖြေတွေကတော့ မရသေးပါဘူး။

လားရှိုးနဲ့ ရန်ကုန် ဝေဘာဂီအထူးကုဆေးရုံတို့က လူနာ ၃ ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေ ကိုတော့ ဖေဖော်ဝါရီ ၁၅ နဲ့ ၁၆ ရက်တို့မှာ ရခဲ့ပြီး ရည်ညွှန်းဓာတ်ခွဲခန်းဆီကို ပေးပို့ဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။

ဒီလူနာတွေထဲမှာ အသက် ၄၉ နှစ်အရွယ် တရုတ်နိုင်ငံသားတယောက်ပါပြီး သူဟာ ထိုင်းနိုင်ငံကတဆင့် ဖေဖော်ဝါရီ ၁၃ ရက်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။

ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ ဖျားတာ၊ ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပြီး ခရီးထွက်ဖို့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းကိုရောက်တုန်း စခန်းကဆေးခန်းကို သွားရောက်ပြသခဲ့လို့ ဝေဘာဂီအထူးကု ဆေးရုံကြီးဆီကို ညွှန်းပို့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013