DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ မသန်စွမ်း ကျောင်းသား ကျောင်းသူ ၂၀၀ ခန့် ဝင်ဖြေမည်
DVB
·
February 16, 2020
တက္ကသိုလ်ဝင်စာမေးပွဲ မသန်စွမ်း ကျောင်းသား ကျောင်းသူ ၂၀၀ ခန့် ဝင်ဖြေမည်
Donate to DVB

အခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ မသန်စွမ်း ကျောင်းသား ကျောင်းသူ ၁၈၉ ဦး စာမေးပွဲ ဝင်ရောက်ဖြေဆိုသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောပါတယ်။

စာမေးပွဲဖြေဆိုမယ့် မသန်စွမ်း ကျောင်းသားတွေထဲမှာ အမြင်အာရုံ မသန်စွမ်းသူ ၃၁ ဦး၊ အကြားအာရုံ မသန်စွမ်းသူ ၂၄ ဦးနဲ့ ကိုယ်ခန္ဓာ မသန်စွမ်းသူ ၁၃၄ ဦး ပါဝင်ပါတယ်။

မသန်စွမ်း ကျောင်းသားတွေအတွက် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ လက်ရှိ သူတို့ တက်ရောက်သင်ကြားနေတဲ့ အခြေခံပညာစာသင်ကျောင်းတွေမှာ စာမေးပွဲဖြေဆိုနိုင်အောင် စီမံပေးထားတယ်လို့ ဦးမိုးမြင့်ကျော်က ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမယ့် မသန်စွမ်း ကျောင်းသားတွေအားလုံး ပုံမှန်စာမေးပွဲဖြေဆိုချိန်  ၃ နာရီထက် နာရီဝက် အချိန်ပိုဖြေဆိုခွင့် ပြုထားပြီး သီးသန့်စာဖြေခန်းတွေ လုပ်ပေးထားတယ်လို့ သိရပါတယ်။

ဦးမိုးမြင့်ကျော်က “အမြင်အာရုံ မသန်စွမ်းသူတွေနဲ့ ကိုယ်တိုင်စာရေးဖို့ အခက်အခဲ ရှိနေတဲ့ ကျောင်းသားတွေကို အကူစာမေးပွဲဖြေဆိုသူနဲ့အတူ ဖြေဆိုခွင့်ပေးထားတယ်။ အဲဒီကျောင်းသားတွေအတွက် နဝမတန်း တက်ရောက်နေတဲ့ ကျောင်းသားတွေကနေ စာရေး ကူညီပေးတာ ဖြစ်ပါတယ်။ အကြားအာရုံ မသန်စွမ်းတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲ မေးခွန်းကို Sign Language ဘာသာရပ်နဲ့ ၁၅ မိနစ်စာ ရှင်းပြပေးပါတယ်”လို့ ဆိုပါတယ်။

အခုနှစ်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်ကနေ ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ အမည်စာရင်းပေးထားတဲ့ ကျောင်းသား ၉ သိန်း ၇ သောင်းကျော်ရှိပြီး အရင်နှစ်ကထက် ၁ သိန်းနီးပါး တိုးလာပါတယ်။

အဲဒီကျောင်းသားတွေကိုတော့  နိုင်ငံခြားစာစစ်ဌာန ၁၅ ခုအပါအဝင် တနိုင်ငံလုံး စာစစ်ဌာန  ၁၉၉၉ ခုမှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အရင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ မသန်စွမ်း ကျောင်းသား၊ ကျောင်းသူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013