
မန္တလေး မဟာအောင်မြေမြို့နယ်မှာ အွန်လိုင်းအသုံးပြုပြီး ကျောက်မျက်ရတနာတွေ လိမ်လည် ရောင်းချနေတဲ့ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၈ ယောက်ကို ဖမ်းဆီးရမိတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ နေအိမ် ၂ ခုကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသား ချိန်ရှောင်းတိုက် ဦးဆောင်တဲ့ အဖွဲ့ကို ကွန်ပျူတာ၊ ဖုန်း ၅၀၀ ကျော်၊ ကျောက်စိမ်းအတုတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။
သူတို့ဟာ အကောင့်တုတွေနဲ့ Live လွှင့် ကံစမ်းမဲဖောက်ပေးမယ်ဆိုကာ အခွန်အခငွေ လိမ်လည် တောင်းယူပြီး မလေးရှားနဲ့ အင်ဒိုနီးရှား ဘဏ်အကောင့်တွေကို ငွေလွှဲခိုင်းခဲ့တာလို့ ဆိုပါတယ်။
သူတို့ကို ဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပေမဲ့ ဘယ်ဥပဒေနဲ့ အရေးယူမယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။











