Home
မြန်မာသတင်း
ဝေါတွင် ဆီဘောက်ဆာနှင့်တွဲကား တိုက်မှုကြောင့် ၄ ဦးဒဏ်ရာရ၊ ၃ နာရီခန့် ယာဉ်ကြောပိတ်
DVB
·
February 14, 2020
86262615_579422369309642_9139084476196847616_n
85099222_579422375976308_6651935950932803584_n
84575817_579422435976302_8932086654760386560_n
ပဲခူးတိုင်း ဝေါမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ဆီဘောက်ဆာကားနဲ့တွဲကားတိုက်မှုကြောင့် ၄ ဦးဒဏ်ရာရခဲ့ပြီး ရန်ကုန် မော်လမြိုင်ကားလမ်း ၃ နာရီဝန်းကျင်လောက် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဝေါမြို့နယ် ကျိုက်လှကွေ့နားမှာ ကျိုက်ထိုဘက်ကလာတဲ့ ဆီဘောက်ဆာကားနဲ့ ဘုရားကြီးဘက်ကလာတဲ့ ၁၂ ဘီးတွဲကာ ၂ စီး မျက်နှာခြင်းဆိုင်တိုက်ခဲ့တာလို့ ဝေါမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးသိန်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။ “ဖြစ်တာက မနက် ၆ နာရီကျော်ကျော်လောက်ကတည်းက ဖြစ်တာပါ။ ယာဉ်ကြောတွေ ပိတ်နေတဲ့အတွက် ကျနော်တို့ ယာဉ်ကြောဝိုင်းရှင်းပေးတယ်၊ ၃ နာရီလောက်တော့ ယာဉ်ကြောပိတ်သွားတာပေါ့။ ဆီဘောက်ဆာကားကလည်း ဆီမပါဘူး အခွံကြီးပါ။ ပြီးတော့ ဘုရားကြီးဘက်ကလာတဲ့ တွဲကားကလည်း အခွံကြီးပါ။ ကားပေါ်ပါလာတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိထားတယ်၊ သူတို့ကိုတော့ စိုးရိမ်ရတဲ့ အနေအထားရှိတဲ့အတွက် ရန်ကုန်ဆေးရုံ နဲ့ ပဲခူးဆေးရုံကို ပို့ဆောင်လိုက်တယ်။” အသေးစိတ်ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024