DVB Logo
Home
မြန်မာသတင်း
အာဏာရှင်ဆန်ပြီး နှိပ်စက်သည့်စနစ်မျိုး ပြန်မရောက်အောင် ကြိုးစားနေဟု သမ္မတပြော
DVB
·
February 13, 2020
အာဏာရှင်ဆန်ပြီး နှိပ်စက်သည့်စနစ်မျိုး ပြန်မရောက်အောင် ကြိုးစားနေဟု သမ္မတပြော
Donate to DVB

အာဏာရှင်ဆန်ပြီး ဖိစီးနှိပ်စက်တဲ့ စနစ်မျိုး ပြန်မရောက်အောင် နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဖော်ဖော်ဝါရီ ၁၃ ရက်က နေပြည်တော် သပြေကုန်းအဝိုင်းမှာထားရှိတဲ့ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တု ဖွင့်ပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

"အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကား ခြင်းမရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ အိမ်မက်များကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတော်အစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်" လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းနေပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်တဲ့ အကြောင်းကိုလည်း ပြောပါ တယ်။

ဒါ့အပြင် အခြေခံလူ့အခွင့်အရေးတွေကို အာမခံပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာစေဖို့တွေကို ရည်ရွယ်ထားရှိ လုပ်ဆောင်နေတယ်လို့လည်း အခမ်းအနားမှာ သမ္မတက ပြောဆိုခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013