DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးရေး အဓိကစိန်ခေါ်မှုဖြစ်ဟု ပြည်ထဲရေးဝန်ကြီးသစ်ပြော
DVB
·
February 13, 2020
တရားဥပဒေစိုးမိုးရေး အဓိကစိန်ခေါ်မှုဖြစ်ဟု ပြည်ထဲရေးဝန်ကြီးသစ်ပြော
Donate to DVB

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိကစိန်ခေါ်မှုဖြစ်ပြီး ပြည်သူလူထုမပါဘဲ တရားဥပဒေစိုးမိုးရေးလုပ်မရဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြုခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးခေတ္တရပ်နားချိန်မှာ မီဒီယာ တွေရဲ့ မေးမြန်းမှုတွေကို အခုလို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“တရားဥပဒေစိုးမိုးရေးကတော့ အဓိကစိန်ခေါ်မှုပေါ့။ အဲဒါကိုသေချာလုပ်ရမှာပေါ့။ တို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိက အရေးကြီးတာကို ဒါလေးရအောင်လို့ ဆောင်ရွက်ပေးရ မှာပေါ့ ” လို့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။

အမှုတခုဖော်ထုတ်တဲ့နေရာမှာ ရဲတပ်ဖွဲ့တခုတည်း တာဝန်ရှိတာမဟုတ်ဘဲ ပြည်သူတွေက ဝိုင်းဝန်းကူညီပေးမှ ဖော်ထုတ်လို့ ရတာလို့လည်း ပြောပါတယ်။

“အမှုတစ်ခုဖြစ်တိုင်း ဖော်ထုတ်ဖို့ဆိုတာ ရဲမှာပဲ တာဝန်ရှိတယ်၊ လုံခြုံရေးလုပ်တဲ့သူတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘူး ပြည်သူလူထုအားလုံးက ဝိုင်းပြီး အကုန်ဆောင်ရွက်ကြမှ ဖော်ထုတ်လို့ ရတာ။ အခုရန်ကုန်မှာဖြစ်သွားတဲ့ ကိစ္စဆိုလို့ရှိရင် အားလုံးဝိုင်းပြီးဆောင်ရွက်ကြရတာပဲ။ ဘဏ် ဝန်ထမ်းတွေကလည်း အရင်တုန်းက သူတို့ဆီမှာလာခဲ့တဲ့ဟာကို သိတယ်။ သူတို့ ကိုယ်တိုင်က ပြောပြတယ်။ အရင်တုန်းက ဘဏ်မှာလာပြီးတော့မှ ငွေထုတ်ငွေသွင်းလုပ်သွားတယ်ဆိုတာ သိ တယ်။ ဒီပေါ်မှာ ရဲကိုပြောတယ်။ ရဲကနေ ဒါကို လိုက်လံစုံစမ်းတယ်။ ဆိုလိုတာကတော့ ပြည်သူ လူထုမပါဘဲနဲ့တော့ တရားဥပဒေစိုးမိုး ရေးဆိုတာ လုပ်လို့မရဘူး။ အားလုံးဝိုင်းပြီး လုပ်ကြရမှာ ” လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကအတည်ပြုပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် သမ္မတက အတည်ပြဒခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ဒီကနေ့ လွှတ်တော်နာယကရှေ့မှာ ကတိသစ္စာပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013