DVB Logo
Home
Lead Story
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် နီနီခင်ဇော်နှင့် X-BOXIN သီဆိုသည့် ဒို့ခေတ်သီချင်း (ရုပ်သံ)
DVB
·
February 13, 2020
အွန်လိုင်းပေါ် နာမည်ကြီးနေသည့် နီနီခင်ဇော်နှင့် X-BOXIN သီဆိုသည့် ဒို့ခေတ်သီချင်း (ရုပ်သံ)
Donate to DVB

       “စိန်ခေါ်သံတွေကြား… တိမ်ပေါ်မှာ ပျံဝဲလိုက်… Don’t stop ရှေ့ဆက် ထိုးဖောက် … အတွေးအခေါ်တွေထပ်တူ တမိုးအောက်”

       ဒါကတော့ နာမည်ကြီး တေးသံရှင် ၂ ဦးဖြစ်တဲ့ နီနီခင်ဇော်နဲ့  X-BOXIN တို့ စုံတွဲသီ ဆိုထားကြတဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး လတ်တလော အွန်လိုင်း ပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

       “ဖြစ်ချင်ရင်ထလုပ်… အိပ်မက်ဆိုးတွေ ပထုတ်ပါ… ဆယ်ကျော်သက်အရွယ်… မူးယစ်ဆေးက ဘဝမဟုတ်ပါ… ထီးမပါတုန်း မိုးရွာချတာ… ခဏတဖြုတ်ပါ… ကျုပ် အောင်မြင်တဲ့အချိန်… မဲ့ပြုံးပြုံးမှာက ခင်ဗျားရုပ်လွှာ… အိပ်ချိန်စားချိန် ပြောင်းပြန်ဖြစ် ယုံကြည်ချက် နောက်ဆံမတင်းပဲ… အတိုက်အခံအားလုံး ဆောင့်ကန်ပစ်ပြီး… ကမ္ဘာ တ ဝှမ်းထိငါ ဖောက်ရန်အသင့်… လျှာထွက်အောင် လောကဓံ… ဇာတ်ခုံအောက်ဆုံးမှာ တောင့်ခံရင်းနဲ့… အလံဖြူပြတဲ့ ရာဇဝင်မရှိဘူး… အားလုံးထိပ်မှာ မောင်းတံဖွင့်… Everybody says wow… ငါဆိုတာမင်းတို့လိုပဲ… တချိန်ကကလေးတယောက်… ရှေ့မှာ စောင့်နေတဲ့ရန်သူကိုတွေးမကြောက်… Everybody go getta go getta… အမြင့်ဆုံး တ နေ့ရောက်မယ် Hey now”

       ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေပဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော် လည်း၊ ရပ်စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)နဲ့ ပါတီခင်ဇော်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

    အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်းပေါင်း များစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ် မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ တော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီးလူသိ များလာစေ တဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တ စုံတရာ သီချင်းဟာ နိုင်ငံနဲ့အဝှမ်း လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီးချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

       နီနီခင်ဇော်ရဲ့ ပထမဆုံးသော တကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရန်ကုန်မှာ ကျင်းပခဲ့ပြီးဖြစ်ကာ သိပ်မကြာသေးခင်ကမှ မန္တလေးမှာ ကျင်းပခဲ့တဲ့ Party Redvolution Show အမည်ရတဲ့ သူ့ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကလည်း အောင်မြင်မှုရခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

       X-BOXIN ကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ လူငယ် ဟစ်ဟော့ပ်အဆိုတော် တ ယောက်ဖြစ်တာမို့ သူတို့ ၂ ယောက်ရဲ့ မတူညီကြတဲ့ ပေါင်းစပ်မှုနဲ့ သီဆိုထားတဲ့ ဒီသီချင်း ဟာ ပုံစံတမျိုးနဲ့ ထူးခြားနေခဲ့တာ ဖြစ်ပါတယ်။

       “အသက်ရှည် ကျန်းမာ ကောင်းမွန်တဲ့ ဘဝမှာ… ပန်းတိုင်သို့ ရအောင်လျှောက်… ကမ်းလင့်သောလက်တွေများစွာရှိတယ်… ကျသွားတဲ့စိတ်ဓာတ်တွေ… ပြန်ကာကောက်.. လူတွေဟာအောင်မြင်တာကို ပေတံနဲ့တိုင်း… ယုံကြည်ရာ ကိုယ်ပိုင်ကမ္ဘာ ပျော်အောင် နေလိုက်… အသက်ရှည် ကျန်းမာ ကောင်းမွန်တဲ့ဘဝမှာ… ပန်းတိုင်သို့ရောက်အောင် လျှောက်”

       လတ်တလောမှာတော့ ဒီသီချင်းကို အဆိုတော် X-BOXIN ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး လက်ရှိအချိန်ထိ ဝင်ရောက် ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ တသိန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013