DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းက သိမ်းဆည်းမြေဧက ၅၅၀၀ ကျော်အား ဆင်းရဲတောင်သူများကို လုပ်ခွင့်ပေးမည် 
DVB
·
February 11, 2020
မကွေးတိုင်းက သိမ်းဆည်းမြေဧက ၅၅၀၀ ကျော်အား ဆင်းရဲတောင်သူများကို လုပ်ခွင့်ပေးမည် 
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်း ကန်နီကန်တုတ်ဘက်မှာရှိတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်လျှောက်ထားပြီး အမှန်တကယ်မလုပ်လို့ သိမ်းဆည်းထားတဲ့ မြေဧက ၁ သောင်းကျော်ထဲက စိုက်ပျိုးလို့ရတဲ့မြေဧက ၅၅၀၀ ကျော်ကို ဆင်းရဲနွမ်းပါးတဲ့ တောင်သူတွေကို လုပ်ကိုင်ခွင့်ပေးသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

“မင်းလှမြို့ နဲ့ ငဖဲမြို့နယ်တို့က ဆင်းရဲနွမ်းပါးတဲ့ လယ်ယာလုပ်ကိုင်ခွင့်နည်ပါးသူတွေနဲ့ လယ်ယာမဲ့သူတွေကို ၁ အိမ်ထောင်ကို ၅ ဧကဆီ လုပ်ကိုင်ခွင့် ပေးသွားမယ်၊ သူတို့ကို ပေးဖို့ကမ်းဖို့ တွက်ချက်နေတာကြာပြီ။ မျိုးစေ့စိုက်ဖို့ပေးရမလား၊ သစ်ပင်စိုက်ဖို့ပေးရမလား၊ ထွန်ယက်ဖို့ ပေးရမလား၊ နောက်ပြီးတော့ ဧကခွဲရမယ်၊ အဲဒီအတွက် ငွေကြေးကလိုတယ်၊ ကျနော်တို့ တိုင်းဒေသကြီး ဘတ်ဂျက်ငွေကလည်း တိုင်းအစိုးရအဖွဲ့မှာ ပိုက်ဆံသုံးရတာက အကန့်အသပ်ရှိတယ်၊ ပြည်ထောင်စုကလည်းမ ပေးနိုင်ဘူး။”

ပထမအဆင့်အနေနဲ့ လယ်ယာမြေလုပ်ကိုင်စရာမရှိသူတွေ၊ ဒုတိယအဆင့်အနေနဲ့ လုပ်ကွက်ငယ်တောင်သူတွေကို ခွဲဝေပေးသွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောပါတယ်။

အဆိုပါ မြေယာခွဲဝေပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ဖို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တကြိမ်၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တကြမ် အလုပ်ရုံဆွေးနွေးပွဲတွေကို သက်ဆိုင်ရာမြို့နယ်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံတောင်သူတွေနဲ့ တိုင်းအစိုးရက ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ မြေလွတ် မြေလပ် မြေရိုင်းများ ဧက ၃၅၀၁၈၆၅ ဧကရှိပြီး၊ လက်ရှိခွင်ပြုထားဧရိယာဧက ၃၇၁၁.၁၆ ဧကရှိတယ်လို့ သိရပါတယ်။

တင်ရွှေ(မင်းဘူး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013