DVB Logo
Home
မြန်မာသတင်း
မော်တော်ယာဉ် အမည်ပြောင်းနှင့် အခွန်ကိစ္စကြောင့် ကားအရောင်းဝယ်လုပ်သူများအခက်ကြုံ
DVB
·
February 10, 2020
Donate to DVB

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ မော်တော်ယာဉ် အမည်ပေါက် လုပ်တာနဲ့အခွန်ဆောင်တဲ့ကိစ္စတွေမှာ အခက်အခဲတွေဖြစ်နေတဲ့အတွက် နိုင်ငံတော်သမ္မတထံ တင်ပြထားတယ်လို့ မန္တလေးမြို့က မော်တော်ယာဉ်တပိုင်တနိုင် ရောင်းဝယ်သူတွေက ပြောပါတယ်။

အဲဒီဌာနရဲ့ ၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၂၄ရက်က ထုတ်ပြန်ချက်အရ မော်တော်ယာဉ် သက်တမ်းတိုးရင် အခွန်သုံးရာခိုင်နှုန်းဆောင်မှသာ သက်တမ်းတိုးပေးမယ်လို့ ဆိုတဲ့အတွက် တပတ်ရစ်ရောင်းဝယ်သူတွေအနေနဲ့ အခက်အခဲတွေ့နေရတယ်လို့ ဆိုပါတယ်။

ပြည်ပကနေ တင်သွင်းကတည်းက အခွန်စည်းကြပ်မှု အရပ်ရပ်ကို အဆင့်ဆင့်ပေး ဆောင်ခဲ့ပြီးတဲ့အတွက် မော်တော်ယာဉ်‌ အရောင်း    အဝယ်လုပ်သူတွေအနေနဲ့ စည်းကြပ်ခွန်ကို အထပ်ထပ်ပေးဆောင်ရတဲ့သဘောဖြစ်နေတယ်လို့ ပြောပါတယ်။

မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ယာဉ်ရောင်းဝယ်ရေးစခန်း၊အကျိုးတော်ဆောင်များကော်မတီက အတွင်းရေးမှူး (၁)ဦးရဲညွန့်က "ဒီကားတွေဟာ နိုင်ငံခြားကဝင်လာပြီးထဲက အခွန်ဆောင်ပြီးသား၊ ဒီကားနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံး custom dutyရှိတယ်။ အဲ့ဒီအပေါ်မှာ တစ်ယောက်လက်တစ်ယောက် ကားပြောင်းလဲတဲ့နေရာမှာ အဲ့ဒီပြောင်းလဲတဲ့ဟာကို ထပ်ပြီးတော့ အခွန်ဆောင်ခိုင်းတာဟာ အခွန်အထပ်ထပ်ဖြစ်နေပါတယ်။ အဲ့ဒီတော့အခွန်ကို ဥပမာ-လိုက်လျော ညီထွေတဲ့ ဥပမာ တစ်သိန်းဆိုတစ်သိန်း ငါးသောင်းဆိုငါးသောင်း ဖြစ်စေချင်တာပါ။ အဲ့ဒါဆိုရင် ပြည်သူကလည်း ပေးဆောင်နိုင်ပါတယ်၊ အရောင်းအဝယ်လည်း ပြန်ဖြစ်သွားမယ်လို့ ယုံကြည်ပါ တယ်" လို့ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် အမည်ပြောင်းပြုလုပ်ရတာကို လက်ခံပေမယ့် အခွန်ဆောင်မှ သာ အမည်ပြောင်းပြုလုပ်ပေးမယ်လို့ ညွှန်ကြားလာတာကြောင့် မော်တော်ယာဉ်ရောင်းဝယ်သူတွေ အနေနဲ့ များစွာအခက်အခဲဖြစ်လာတယ်လို့ ပြောပါတယ်။

အဲ့ဒီအတွက် ၂၀၁၉ ခုနှစ်ကုန်ပိုင်းကတည်းက နိုင်ငံတော်သမ္မတရုံးနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြထားတယ်လို့ သိရပါတယ်။

ပြည်ကြီးမျက်ရှင် ယာဉ်ရောင်းဝယ်ရေးစခန်း၊ အကျိုးတော်ဆောင်များ ကော်မတီက  ဦးရဲညွန့်က "၂၀၁၉၊၁၂လပိုင်းက စပြီးတော့ ဒီလိုအခက်အခဲရှိတွေ ရှိတယ်။ နိုင်ငံတော်ကို အခွန်မဆောင်ချင်လို့ မဟုတ်ပါဘူး။ ဒါက အခွန်ဆောင်ပြီးသား ကားတွေကို အခွန်ထပ်ခါထပ်ခါဆောင်ခိုင်းနေတဲ့အတွက် ပြည်သူတွေမှာ နစ်နာတယ်၊နောက် ဒီလို ရွေးကောက်ပွဲ နီးတဲ့အချိန်မှာ ပြည်သူတွေ ကားဝယ်ရောင်းပွဲစားတွေကို ထိခိုက် အောင်လုပ်တာသည် အစိုးရရဲ့ image လည်းကျပါတယ် ဆိုပြီး ပြန်တင်ပြထား ပါတယ်"လို့ ဆက်ပြောပါတယ်။

သူတို့အနေနဲ့ အမည်ပြောင်းလဲတာကို အခွန်သဘောမျိုးမဟုတ်ဘဲ စနစ်တစ်ခု သတ်မှတ်ပြီး အခကြေးငွေကောက်စေချင်တယ်လို့လည်း ဆိုပါတယ်။

ကားရောင်းဝယ်သူ ဦးဇော်မောင်က "ဖြစ်စေချင်တာက အရောင်းအဝယ်တခုကို အခွန်သဘောမျိုးမဟုတ်ဘဲ သတ်မှတ်ချက်တခုနဲ့အမည်ပြောင်းပေးမယ်၊ အမည်ပြောင်းခကို                               ငါးသောင်းတစ်သိန်း ဆိုရင်တော့ ပြောင်းချင်တဲ့ သဘောရှိတာပေါ့အရောင်း အဝယ် သဘောမှာတော့ ငါးသောင်း တစ်သိန်းက သိပ်ပြီးတော့ ပြဿနာမရှိဘူး၊ ရော့ မင်း ကားဝယ်မယ်၊နာမည်ပြောင်း ငါးသောင်းကျမယ်၊ တရားဝင်ပေါ့လေ၊ ဒီပေါ်မှာ ပြောင်းပေးသွားရင်တော့ သူတို့ပြောတဲ့ ခုနကဟာလေးကိုလည်း နည်းနည်းကာမိမှာပေါ့လေ၊ လက်တွေ့ရောက်နေတဲ့ လိပ်စာ ဘာညာ ဆိုတာလည်း ဒီစာအုပ်ထဲမှာပဲ သွားနေကြရမှာပေါ့၊အဲ့လိုဆိုရင်တော့ နည်းနည်းအဆင်ပြေ မယ်" လို့ ပြောပါတယ်။

အခုလို အခွန်နှုန်းထားတွေ ပြောင်းလဲမသတ်မှတ်ခင်က မော်တော်ယာဉ် အရောင်းအ၀ယ်အဆင်ပြေခဲ့ပေမယ့်လည်း ပြောင်းလဲသတ်မှတ်ချိန်က စပြီး အရောင်းအ၀ယ် အေးနေ တယ်လို့လည်း သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013