ဗဟန်းမြို့နယ် အထည်ဆိုင်တခုတွင် ဓားထောက်လုယက်မှုဖြစ်ပွား
DVB
·
February 9, 2020

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်ရှိ The Avenue အထည်ဆိုင်မှာ ဓားထောက် ခြိမ်းခြောက်ပြီး ငွေကျပ် ၂၈၀၀၀၀ လုယက် ထွက်ပြေးသွားသူအား ရာဇသတ်ကြီး ပုဒ်မ ၃၈၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
အထည်ဆိုင် အရောင်းကောင်တာမှာ ကိုပြည့်ဖြိုးအောင် ရှိနေစဉ် Mask တပ်ထားတဲ့ အမျိုးသား ၁ ဦး ဆိုင်ထဲ ဝင်ရောက်လာပြီး အင်္ကျီများအား လိုက်လံကြည့်ရှုကာ ဈေးနှုန်းတွေ မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် အရောင်းကောင်တာအနီး ရောက်ရှိလာပြီး ကိုပြည့်ဖြိုးအောင်အား ဓားဦးချွန် ၁ ချောင်း ပြသခြိမ်းခြောက်ကာ ကောင်တာအတွင်းရှိ ငွေ ၂၈၀,၀၀၀ ကျပ်အား လုယူ ထွက်ပြေးသွားတာပါ။
လုယူသွားတဲ့ အမည်မသိ အမျိုးသား ၁ ဦး (စိစစ်ဆဲ) အား ဗဟန်းမြို့မရဲစခန်း (ပ)၃၅၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ (နာကျင်စေရန် ပြင်ဆင်၍ ခြောက်လှန့် တောင်းယူမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး