
စင်ကာပူနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကျင်းပတဲ့ Singapore Festival 2020 ကို ရန်ကုန်မြို့ရှိ ချင်းချောင်းနန်းတော်မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသွားပါတယ်။
စင်ကာပူနိုင်ငံကို သွားရောက်လေ့လာရာမှာ ခံစားရမယ့် အတွေ့အကြုံတွေကို အမြည်းအနေနဲ့ မြန်မာနိုင်ငံမှာ ခံစားနိုင်အောင် ပွဲတော်ကို Garden Party ပုံစံနဲ့ စီစဉ်ထားတာပါ။
ဒီပွဲတော်မှာ စင်ကာပူနဲ့ မြန်မာ နှစ်နိုင်ငံက ဂီတပညာရှင်တွေနဲ့ အနုပညာရှင်တွေရဲ့ ဂီတနဲ့ ပန်းချီ၊ ပန်းပု အနုပညာလက်ရာတွေကို ပြသထားသလို စားဖိုမှူးတွေရဲ့ အစားအသောက်တွေကိုလည်း မြည်းစမ်းစားသောက်နိုင်ပါတယ်။
မြန်မာထုတ်ကုန်တွေနဲ့ စင်ကာပူနိုင်ငံထုတ် ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို ရောင်းချပေးခဲ့ပြီး ဒီပွဲတော်ကို အနုပညာရှင်တွေလည်း လာရောက်လည်ပတ်ခဲ့ပါတယ်။
Singapore Festival ပွဲတော်ကို ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့ ဘိုကလေးစျေးလမ်းမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။










